DVB Logo
Home
မြန်မာသတင်း
ပေါက်တော မွတ်စလင် ဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၄၃၀ ပျက်စီးဆုံးရှုံး
DVB
·
May 8, 2023
ပေါက်တော မွတ်စလင် ဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၄၃၀ ပျက်စီးဆုံးရှုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ မေလ ၇ ရက် ညနေပိုင်းက  မွတ်စလင် ဒုက္ခသည်စခန်းတခု မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၄၃၀ မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်တောမြို့နယ် မင်းသာဖ(မူစလင်)ရွာမှာ မနေ့ ညနေ ၅ နာရီကျော်လောက်မှာ ဦးအီလီယာချေနေအိမ်မှာ ထမင်းချက်ရာကနေ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကာ အချိန် ၂ နာရီကျော်လောက်ကြာအောင် မီးလောင်ခဲ့တယ်လို့ ပေါက်တောမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။

မင်းသာဖ ကျေးရွာကနေ တဆင့် ကြိမ်နွယ်ပင် မွတ်စလင် ဒုက္ခသည်စခန်းကို မီးကူးစက်လောင်ကျွမ်းကာ အိမ်ခြေစုစုပေါင်း ၄၃၀ မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အဲဒီကြိမ်နွယ်ပင်မှာ အိမ်ခြေအားလုံးတော့ မီးလောင်တာမဟုတ်ဘဲ နေအိမ် ၈ လုံး တတွဲ အတွဲလိုက်တွေ လောင်တာဆိုတော့ မီးဘေးသင့် ဒုက္ခသည်တွေကတော့ ကျန်ရှိနေတဲ့ နေအိမ်တွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရတယ်”လို့ ပြောပါတယ်။

ကြိမ်နွယ်ပင် ဒုက္ခသည်စခန်းမှာ ၂၀၁၅ ခုနှစ်မှာ ၁ ကြိမ်၊ ၂၀၁၈ ခုနှစ်မှာ ၁ ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးအီလီယာချေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက တရားဥပဒေနဲ့ အညီအရေးယူဆောင်ရွက်ဖို့ စီစဥ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013