DVB Logo
Home
မြန်မာသတင်း
စစ်တပ်တပ်စွဲထားသဖြင့် အင်းတော်မြို့ ကျေးရွာအချို့က တောင်သူများ ပဲရိတ်သိမ်းမရဖြစ်နေ
DVB
·
May 7, 2023
စစ်တပ်တပ်စွဲထားသဖြင့် အင်းတော်မြို့  ကျေးရွာအချို့က တောင်သူများ ပဲရိတ်သိမ်းမရဖြစ်နေ
Donate to DVB

အင်းတော်မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာမှာရှိတဲ့ အောင်းကုန်-နန့်သာ-အင်ပင် သုံးရွာတန်းမှာ စစ်တပ်က တပ်စွဲထားတာကြောင့် အောင်းကုန်း၊နန့်သာ၊အင်ပင်နဲ့ တုံ့တော်ရွာနေသူ ၆၀၀၀ နီးပါး စစ်ရှောင်နေရပြီး ပဲကောက်ချိန်ရောက်နေပေမဲ့ ကောက်ယူရိတ်သိမ်းမရ ဖြစ်နေတယ်လို့ Inndaw Revolution-IR Team က သိရပါတယ်။

အင်းတော်ဒေသခံ တောင်သူတဦးက “ကျနော်တို့က ချောင်းပိုင် ကွင်းပိုင်များတယ်။ အလှည့်ကျ စိုက်ပျိုးပြီးမှ တနှစ်စာအလျင်မှီအောင် လုံးပမ်းရတာ။ စစ်အုပ်ချုပ်ရေးထုတ်ထားလို့ တအား ဖိနေတာ”လို့ ပြောပါတယ်။

မတ် ၂၀ ရက်ကနေ တပ်စွဲထားတာဖြစ်ပြီး ၂ လခန့်ကာလအတွင်းမှာ အောင်းကုန်းရွာနဲ့ တုံ့တော်ရွာကို ၃ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အနည်းဆုံး ၂၀ လောက် မီးလောင် ပျက်စီးခဲ့ပါတယ်။

အင်းတော်မြို့ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး လက်ရှိအထိ ဖမ်းဆီးထားသူတွေထဲက သေဒဏ် စီရင်တဲ့အမှု ၅ ခု အထိရှိနေတဲ့အပြင် နှစ်ဖက် စစ်ရေးထိတွေ့မှု မြင့်မားတဲ့ ဒေသတခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013