DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအား ဒရုန်းလွှတ်တင်ခွင့် မပြုရန် လတ်ဗီးယားကို  ရုရှားသတိပေး
DVB
·
May 21, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ယူကရိန်းက လတ်ဗီးယားနိုင်ငံနဲ့ တခြားဘောလ်တစ်နိုင်ငံတွေကနေ စစ်ဘက်ဒရုန်းတွေ လွှတ်တင်ဖို့ စီစဉ်ထားတဲ့ သတင်းအချက်အလက်တွေကို ရုရှားအစိုးရက ရထားပြီးပြီလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာစီလီနီဘန်ဇီယာက မေ ၁၉ ရက်မှာ ပြောပါတယ်။

မြောက်အတ္တလန်တိတ်စစ်ရေးမဟာမိတ်အဖွဲ့ (NATO)ရဲ့ အဖွဲ့ဝင်ဖြစ်နေခြင်းက ရုရှားရဲ့ လက်စားချေ ခြင်းကနေ မကာကွယ်နိုင်ဘူးလို့လည်း သူက သတိပေးခဲ့ပါတယ်။

ယူကရိန်းလုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတခုအတွင်း နီဘန်ဇီယာက ပြောခဲ့တာပါ။

ယူကရိန်းဒရုန်းတပ်ဖွဲ့တွေကို လတ်ဗီးယားနိုင်ငံဆီ ယူကရိန်းအစိုးရက စေလွှတ်ပြီးပြီလို့လည်း သူက အခိုင်အမာ ပြောပါတယ်။

သူ့ရဲ့ မှတ်ချက်တွေကို "စိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်း" အဖြစ် လုံခြုံရေးကောင်စီဆိုင်ရာ လတ်ဗီးယားသံတမန် ဆန်နီတာ ပါ့ဗ်လူတာ-ဒက်စ်လန်ဒက်စ်က ချက်ချင်း ပယ်ချခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး တမ်မီဘရုစ်က ကုလသမဂ္ဂဟာ ကောင်စီဝင် တယောက်အပေါ် ခြိမ်းခြောက်ဖို့ နေရာမဟုတ်ဘူးလို့ သတိပေးခဲ့ပြီး အမေရိကန်က နေတိုး ကတိကဝတ်အားလုံးကို လိုက်နာမယ်လို့လည်း ပြောပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013