DVB Logo
Home
မြန်မာသတင်း
“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင် ယူကျုတွင် အခမဲ့ကြည့်ရှုနိုင်
DVB
·
May 5, 2023
“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင် ယူကျုတွင် အခမဲ့ကြည့်ရှုနိုင်
Donate to DVB

CDM စစ်တပ်အရာရှိတဦးအကြောင်းကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထားတဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင်ကို မေ ၆ ရက်မှာ ယူကျုကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ကို ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်မှာ လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက လက်ရှိအချိန်တိုင်အောင် ပြသနေဆဲဖြစ်ကာ ရန်ပုံငွေ ကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့ပါတယ်။

မသောက်မိသောမိုးခါးရေ ဇာတ်လမ်းတိုရုပ်ရှင်ကို မေလ ၆ ရက် ညနေ ၅ နာရီကစပြီး အားလုံးကြည့်ဖို့ တင်ပေးပါမယ်လို့ ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

“iPhone 11pro max အပေါ်မှာ ဇာတ်ညွှန်းရေး… iPhone 11pro max နဲ့ ရိုက်ကူး… iPhone 11pro max နဲ့ edit လုပ်… iPhone 11pro max နဲ့ ပိုစတာဒီဇိုင်းလုပ်/music လုပ်ခဲ့တဲ့ တောထဲက သဘာဝတော်လှန်ရေးသမားအစစ်များနဲ့ ရိုက်ခဲ့တဲ့ ရုပ်ရှင်ဟာ ကျပ်သိန်း ၁၀,၀၀၀ ကျော် ရန်ပုံငွေ ရရှိခဲ့ပါတယ်။… အခုတော့ မကြည့်ရသေးသော ပရိသတ်ကြီးအတွက် Kopauk youtube channel ကနေ ပြသပေးတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် subscribe လုပ်ထားပေးကြပါအုံး။”

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို အိုင်ဖုန်းတလုံးတည်းနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး တော်လှန်ရေးမှာ အမှန်တကယ် ပါဝင်နေတဲ့ ရဲဘော်တွေကိုယ်တိုင် သရုပ်ဆောင်ထားကြောင်းနဲ့ ရုပ်ရှင်ပြသရာမှာ ရရှိလာတဲ့ ရန်ပုံငွေတွေကိုလည်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကနေ တော်လှန်ရေးအဖွဲ့တွေထံ ထောက်ပံ့နေကြောင်းလည်း သိရပါတယ်။

ဒါရိုက်တာ ကိုပေါက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတနေရာကနေ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်တော်လှန်ရင်း မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာကနေ ပါဝင်နေတာ ဖြစ်ပါတယ်။“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင်ကို ကြည့်ရှုလိုသူတွေအနေနဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ ယူကျုဘ်ချန်နယ်လ်လင့်ခ်- https://www.youtube.com/@kopauk5911 ကနေ Subscribe လုပ်ပြီး စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013