DVB Logo
Home
မြန်မာသတင်း
တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှု ၁၅၀ ကျော် စံချိန်တင်တွေ့ရှိ၊ အိုမီခရွန် ပြည်တွင်းကူးစက်မှု ပါဝင်
DVB
·
May 4, 2023
တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှု ၁၅၀ ကျော် စံချိန်တင်တွေ့ရှိ၊ အိုမီခရွန် ပြည်တွင်းကူးစက်မှု ပါဝင်
Donate to DVB

မြန်မာနိုင်ငံမှာ ခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ် ပြန်လည်တွေ့ရှိလာ ခဲ့ပြီးနောက် ပြီးခဲ့တဲ့ တရက်တည်းမှာတင် ကူးစက်မှုအသစ် အယောက် ၁၅၀ ကျော် စံချိန်တင် ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက  မေ ၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၈၈၅ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၁၅၅ ယောက် တွေ့ရှိရတာကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူကတော့ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၂ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၅,၂၅၇ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၉၅၄ ယောက ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေရဲ့ ဓာတ်ခွဲနမူနာတွေထဲက သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၂၂ ခုကို စစ်ဆေးခဲ့ရာမှာတော့ ဧပြီ ၂၉ ရက်မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.1.9.1 ကို ဓာတ်ခွဲနမူနာ ၈ ခုမှာ စစ်ဆေးတွေ့ရှိရပြီး XBB.1.16 ကို ဓာတ်ခွဲနမူနာ ၈ ခုမှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  XBB.2.3 ကိုတော့ ဓာတ်ခွဲနမူနာ ၂ ခု၊ XBB.1.9.2 ကို ဓာတ်ခွဲနမူနာ ၁ ခု၊  XBB.1.5 ကို ဓာတ်ခွဲနမူနာ ၁ ခု၊ XBB.1 ကို ဓာတ် ခွဲ နမူနာ ၁ ခု၊ BA.2.75 ကို ဓာတ်ခွဲနမူနာ ၁ ခုတို့မှာ အသီးသီးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ XBB.1.16 ၈ ယောက်ထဲက ၁ ယောက်ကတော့ ပြည်ပကနေ မြန်မာကို ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန် ၇ ယောက်ကတော့ ပြည်တွင်းကူးစက်မှုတွေကနေ တွေ့ရှိရတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

ခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ခပ်စိပ်စိပ် တွေ့လာနေရ ပြီးတော့ ကိုဗစ်ကူးစက်နှုန်း များလာတာကြောင့် ကိုဗစ်လူနာတွေအတွက် နိုင်ငံတဝန်းက ဆေးရုံတွေ အသင့်ပြင်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်မှာ ညွှန်ကြားထားပါတယ်။

ညွှန်ကြားစာမှာတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲ 1.16 (Arcturus) ကြောင့် ၂၀၂၃ ဇန်နဝါရီကစပြီး ကူးစက်နှုန်း မြင့်တက်လာပြီး မြန်မာနိုင်ငံအတွင်း ဧပြီလကစတင်ကာ ကိုဗစ်ကူးစက်သူ များပြားလာတဲ့အတွက် ဆေးရုံ တွေ အသင့်ပြင်ထားဖို့ ပါရှိနေတာ ဖြစ်ပါတယ်။

NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံ တွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြ ရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေ ဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ် ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

အရှေ့တောင်အာရှဒေသတွေမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၆ ဆလောက် မြင့် တက်လာပြီး မြန်မာမှာလည်း ခုရက်ပိုင်းတွေအတွင်း ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ်တွေ့ လာရတာမို့ ကိုဗစ်-၁၉ ရောဂါအတွက် ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေ ကို လိုက်နာကြဖို့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013