DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၀ နီးပါး ထပ်တွေ့ 
DVB
·
June 24, 2025
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၀ နီးပါး ထပ်တွေ့ 
Donate to DVB

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉ ယောက် တွေ့ရပြီး ရှေ့တပတ်ကထက် လျော့သွားကာ ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ဇွန် ၁၅ ရက် ည ၈ နာရီကနေ ဇွန် ၂၂ ရက် ည ၈ နာရီအထိ တပတ်အတွင်း လူပေါင်း ၂,၁၉၉ ယောက်ကို စစ်ဆေးခဲ့တာမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉ ယောက် တွေ့ရတာကြောင့် ပိုးတွေ့ရာနှုန်းက ၁ ဒသမ ၃၂ ဖြစ်တယ်လို့ ဇွန် ၂၃ ရက် ညမှာ ထုတ်ပြန်ပါတယ်။

လူနာ တွေ့ရတာကတော့ ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ၃ ယောက်၊ ထန်းတပင်၊ မှော်ဘီ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ဥက္ကလာနဲ့ ရန်ကင်းမှာ ၁ ယောက်စီ၊ မန္တလေး မဟာအောင်မြေမှာ ၆ ယောက်၊ မကွေးတိုင်း ဂန့်ဂေါမှာ ၄ ယောက်၊ မင်းလှမှာ ၁ ယောက်၊ ရှမ်းပြည်နယ် တောင်ကြီးမှာ ၃ ယောက်၊ ကျိုင်းတုံမှာ ၂ ယောက် ဖြစ်တယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနက ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

ဒီလူနာတွေထဲမှာ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့ လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာ မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ချိန်ကနေ ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်အထိ  ပိုးတွေ့သူစုစုပေါင်း ၆၄၃,၃၆၈ ယောက်၊  သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ယောက် ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိ ကိုဗစ်ရောဂါဖြစ်ပွားကူးစက်နေတာဟာ စိုးရိမ်စရာတော့ မရှိသေးပေမဲ့ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေ၊ ဆီးချို၊ နာတာရှည်အဆုတ်ရောဂါနဲ့ ကင်ဆာရောဂါရှိသူတွေ၊ ကိုယ်ဝန် ၃ လနဲ့အထက် ကိုယ်ဝန်ဆောင်တွေကို ဦးစားပေးအစီအစဉ်နဲ့ ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆေးတကြိမ်မှ မထိုးနှံရသေးသူတဲ့ အသက် ၁၈ အထက်ရှိသူတွေကို တကြိမ် ထိုးနှံပေးမှာ ဖြစ်သလို နောက်ဆုံးအကြိမ် ထိုးနှံပြီးတာ ၆ လ ပြည့်ပြီးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေအားလုံး၊ အသက် ၁၂ နှစ်အထက် ကိုယ်ခံအားနည်းရောဂါရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဖို့လိုအပ်သူတွေကိုလည်း ထိုးနှံပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013