DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၃ ဦးလွတ်မြောက်၊ အမှုတွဲ မယဉ်မြတ်နိုးဦး ပြန်မလွတ်
DVB
·
May 4, 2023
ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၃ ဦးလွတ်မြောက်၊ အမှုတွဲ မယဉ်မြတ်နိုးဦး ပြန်မလွတ်
Donate to DVB

အလုပ်နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့  ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦးက  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရတဲ့အထဲ ပါမလာသေးဘူးလို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီး) ကနေ သိရပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ အတူဖမ်းဆီးခံရတဲ့ သမဂ္ဂအဖွဲ့ဝင် ၃ ဦးကတော့ မေ ၃ ရက်နေ့က သာယာဝတီအကျဉ်းထောင်၊ သရက်အကျဉ်းထောင်နဲ့ အင်းစိန်အကျဉ်းထောင်တို့ကနေ အသီးသီးလွတ်မြောက်လာခဲ့ပေမဲ့ မယဉ်မြတ်နိုးဦး တစ်ယောက်ပဲ ကျန်ခဲ့တယ်လို့ သမဂ္ဂ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

"ယဉ်မြတ်နိုးဦးနဲ့ အတူအဖမ်းခံရတဲ့ အမှုတွဲ ကျောင်းသားတွေက ဒီနေ့ ပြန်လွတ်လာပါတယ်။ သူတစ်ယောက်ပဲ ကျန်ခဲ့တာပါ။ ကျနော်တို့က စိုးရိမ်တယ်ဆိုတာ မိန်းကလေးလည်းဖြစ်တယ် ထောင်လည်း ပြောင်းရွေ့ခံထားတယ်။ သာယာဝတီကိုထောင်ပြောင်းခံထားရကတည်းက တွေ့ဆုံခွင့်လည်း မရဘူးတရားဝင်စာပဲ အဆက်အသွယ်ရှိခဲ့တာပါ။ စာဆိုတာကလည်း သိတဲ့အတိုင်း အရမ်းကို ပုံစံခွက်ဆန်နေတာပါ။”

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ တာမွေတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃နှစ်၊ မတ်လ ၃၁ ရက်မှာ မင်္ဂလာတောင်ညွန့်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတာပါ။

"ထောင်ဒဏ် ၆ နှစ် မတရားစွဲဆိုခံထားရတယ်ဆိုတဲ့ အခြေအနေက ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်ခံလို့မရဘူးပေါ့။ နောက် သူနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုလည်း ဘာမှ တိတိကျကျ မသိရတဲ့အတွက် စိုးရိမ်နေပါတယ်" လို့ ပြောပါတယ်။

မယဉ်မြတ်နိုးဦးကို ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်က တာမွေမြို့နယ်က သပိတ်မှောက်ဆန္ဒပြပွဲကိုအသွားမှာ သမဂ္ဂဥက္ကဋ္ဌ ကိုခန့်သူအောင်၊ အတွင်းရေးမှူးဟောင်း ကိုမင်းဟိန်းခန့်၊ အလုပ်အမှုဆောင် ကိုဖြိုးကျော့နိုင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပုံ - ရန်/စီး သမဂ္ဂ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013