DVB Logo
Home
Lead Story
စစ်အုပ်ချုပ်‌ရေးအောက်က သတင်းသမားများ
DVB
·
May 4, 2023
စစ်အုပ်ချုပ်‌ရေးအောက်က သတင်းသမားများ
Donate to DVB

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ‌World press freedom day မှာ ခေတ်အဆက်ဆက် ငတ်တလှည့်ပြတ်တလှည့် ထောင်ထဲဝင်လိုက် ထွက်လိုက်နဲ့ အသက်တွေ ဘဝတွေ ပေးဆပ်ခဲ့ကြတဲ့ သတင်းသမား ဆရာကြီးများ၊ သတင်းပညာရှင်များ၊ ခေတ်ဆိုး စနစ်ဆိုးကြီးထဲမှာ ရောက်ရာနေရာ ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ဆရာများအားလုံးကို မလွတ်လပ်တဲ့ကြားက စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဒီဗွီဘီ ဝိုင်းတော်သားများက လေးလေးစားစား ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။

မြန်မာနိုင်ငံက သတင်းသမားများဟာ ဆူးကြားထဲက ဘူးခါးတွေလိုပါပဲ၊ လူသိမခံရဲ၊ ခိုးကြောင်ခိုးဝှက် သတင်းလိုက် သတင်းရေးနေကြရတယ်။ သတင်းတပုဒ်အတွက် အသက်တွေ ဘဝတွေ စတေးသွားရတဲ့ သတင်းသမားတွေ မြန်မာနိုင်ငံမှာ မရေတွက်နိုင်အောင်ပါပဲ။ အဲဒီအထဲကမှ သတင်းသမားဆို ဖမ်းမယ် ဆီးမယ် သတ်မယ်ဆိုတဲ့ စစ်တပ်နဲ့ နောက်လိုက်တွေက သတင်းသမားကို ကြွက်ချောင်းသလို ချောင်းနေကြတယ်။ စစ်တပ် လက်သုံးစကားက ဒေါ်လာစားတွေတဲ့၊ ပြည်ပနိုင်ငံတွေက ငွေယူပြီး မဟုတ်မမှန်သတင်းတွေနဲ့ နိုင်ငံကို ဖျက်ဆီးနေကြတာလို့ မဟုတ်တမ်းတရား အခြေအမြစ်မရှိ စွပ်စွဲ ပြောဆိုကြသေးတယ်။ သူတို့ ဒေါ်လာငန်းဖမ်းနေသလို သတင်းသမားတွေ ဒေါ်လာရမယ် ထင်နေကြတာ။ နေစရာမရှိတဲ့ သတင်းသမား၊ စားစရာမရှိတဲ့ သတင်းသမား၊ လူမသိသူမသိ ဘဝတွေ ပေးဆပ်လိုက်ရတဲ့ သတင်းသမားတွေ မြန်မာနိုင်ငံမှာ အများကြီး။ သတင်းပညာနဲ့ ဝါသနာကို အခြေခံထားကြတော့ ငွေလည်းမမက်ကြဘူး၊ ရာထူးအာဏာလည်း မမက်ကြဘူး။ ဒေါ်လာတွေ ငွေတွေထက် ပြည်သူတွေကို ချပြပေးမယ့် သတင်းတပုဒ်လောက် မမက်မောကြဘူး။ အဲ့ဒီလို သတင်းသမားစစ်စစ်တွေကို မတရားမှုမှန်သမျှ ပြုလုပ်နေသူတွေက အလိုမရှိကြဘူး။ မီဒီယာကို မီဒီယာနဲ့တိုက်ဖို့ သူတို့ပြောတဲ့ ဒေါ်လာစား သူတို့လူ အရေခြုံ သတင်းသမားအမည်ခံ အရှက်မဲ့သူတွေနဲ့ သတင်းသမားတွေနဲ့ တန်းညှိခဲ့ကြတယ်။

စစ်တပ်လက်အောက်ခံ သတင်းမီဒီယာဌာနတွေ၊ အွန်လိုင်းပေါ်က မီဒီယာအမည်ခံတွေ သတင်းသမား အတုအယောင်တွေကြားမှာ ပြည်သူ့ဘက်က ရပ်တည်လို့ ပြည်သူတွေထံ သတင်းဆက်လက်စီးဆင်းနိုင်ဖို့ ပြည်သူ့သတင်းသမားတွေ နေ့စဉ် ကြိုးစားတင်ဆက်ခဲ့ကြတယ်။

ဒီနွေဦးတော်လှန်ရေးမှာ စစ်တပ်က အလွယ်တကူ ဖမ်းဆီးသတ်ဖြတ်လို့မရအောင် တောတောင်လျှိုမြောင်ကြားက ပြည်သူ့သတင်းသမားတွေကို မင်းအောင်လှိုင် နောက်လိုက်တွေ မယှဉ်နိုင်ခဲ့ဘူး။ ဒါကြောင့် ပြည်သူ့သတင်းသမားတွေကို စစ်အုပ်စုက ရန်သူလို သဘောထားခဲ့ကြတယ်။

စစ်တပ်လက်အောက်ခံ သတင်းဌာနတွေ၊ တပ်ပိုင်မီဒီယာတွေကနေ သူတို့ရဲ့ ဝါဒဖြန့်သတင်းတွေကို ပြည်သူတွေက မယုံကြည် လက်မခံကြဘူး။ ဘာကြောင့်လဲဆို မမှန်သတင်း အလိမ်အညာသတင်းတွေနဲ့ ပြည်သူတွေကို အဆိပ်ခတ်နေလို့ လက်မခံကြတာ ဖြစ်တယ်။

အရင်ကရော လက်ရှိအခြေအနေမှာရော မလွတ်လပ်သေးတဲ့ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် တချိန်မှာ အပြည့်အဝ ရရှိကြပါစေလို့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် World press freedom day နေ့မှာ တောင်းဆုပြုလိုက်ပါတယ်။

ပေကြီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013