DVB Logo
Home
မြန်မာသတင်း
အင်းလေး PDF အဖွဲ့အမည်သုံးပြီး ငွေအလွဲသုံးစားပြုနေသူအား ဖော်ထုတ်ပေးရန် တောင်းဆို
DVB
·
May 3, 2023
အင်းလေး PDF အဖွဲ့အမည်သုံးပြီး ငွေအလွဲသုံးစားပြုနေသူအား ဖော်ထုတ်ပေးရန် တောင်းဆို
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အမှတ်-၁၀၀၉ တပ်ရင်း၊ အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမည်ကို အသုံးပြု အလှူငွေ ကောက်ခံတာတွေ ရှိနေတယ်လို့ IPDF က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ပါဝင်တဲ့အတိုင်း အင်း​လေး PDF တပ်ဖွဲ့အမည်နဲ့ ငွေကြေး အလွဲသုံးစားပြုသူတွေကို တိတိကျကျ ဖော်ထုတ်ပေးဖို့ IPDF တပ်ဖွဲ့ဝင်ဟောင်းတွေက တောင်းဆိုလိုက်တာပါ။

IPDF တပ်ဖွဲ့ဝင်ဟောင်းတဦးက “IPDF ရဲ့ ထုတ်ပြန်ချက်မှာ တပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး ဂုဏ်ပြုလက်မှတ်အတု၊ ဆိုင်းအတုနဲ့ အလှူငွေ ကောက်ခံနေတယ်။ ဘယ်သူတွေ ကောက်ခံနေတယ်ဆိုတာ သိရတယ်။ တပ်ရင်း အခက်အခဲဖြစ်နေချိန် တချို့ တပ်ရင်းကို စွန့်ခွာသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကျနော်တို့က တပ်ရင်းကနေ အနားယူထားသူတွေဆိုတော့ IPDF က ထုတ်ပြန်တဲ့အတိုင်းဆိုရင် ကျနော်တို့ကပဲ အလွဲသုံးစားလုပ်နေသလို ဖြစ်နေတယ်။ ဒါ့ကြောင့် ဘယ်သူတွေက တပ်ဖွဲ့နာမည်နဲ့ ငွေကြေးအလွဲသုံးစားနေလဲ ဆိုတာကို တိတိကျကျ ဖော်ထုတ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

အင်းလေးPDF ကို ဒေသခံ ၆ ဦးက စတင်တည်ထောင်ခဲ့တာပါ။ လက်ရှိ အဲ့ဒီ ၆ ဦးလုံးဟာ တခြား တော်လှန်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့ တပ်ဖွဲ့ကနေ အနားယူထားပါတယ်။ တပ်ဖွဲ့ကနေ အနားယူစဥ်က ငွေစာရင်းရှင်းတမ်းတွေကို IPDF ကို ဆက်လက်တာဝန်ယူမယ့်သူထံ အပ်နှံခဲ့ပြီး နောက်ထပ်လည်း အလှူငွေကောက်ခံတာ မရှိတော့ဘူးလို့ တပ်ဖွဲ့ဝင်ဟောင်းတွေက ဆိုပါတယ်။

“ကျမက IPDF စတင်တည်ထောင်စဥ်က အလှူငွေရှာဖွေပေးခဲ့သူ ဖြစ်ပါတယ်။ အခု တပ်ရင်းတည်ထောင်သူ ၆ ဦးလုံးဟာ တပ်ရင်းမှာ မရှိတော့ဘူး။ အခု ကျမ တပ်ရင်းက ထွက်ခွာခဲ့ပေမဲ့ အလှူရှင်တွေပေးပို့လာတဲ့ အလှူငွေတွေကို လက်ရှိတာဝန်ခံ ကိုအင်းစားကူးကို လွှဲပြောင်းပေးပြီး မှတ်တမ်းတွေကိုလည်း သူ့ဆီက ရယူခဲ့ပါတယ်။ ဒါ့ကြောင့် IPDF (1009) အနေနဲ့ ငွေအလွဲစားလုပ်သူတွေကို သေချာဖော်ထုတ်ရှင်းလင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ တပ်ဖွဲ့ဝင်ဟောင်း အမျိုးသမီးတဦးက ပြောပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ရှမ်းတောင် အမှတ်-၁၀၀၉ တပ်ရင်း ဖြစ်ပါတယ်။

IPDF အနေနဲ့ မဟာမိတ်တပ်ရင်းတွေနဲ့အတူ ဒေသအတွင်းမှာ စစ်ရေးဖော်ဆောင်တာတွေ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ ကျဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013