DVB Logo
Home
မြန်မာသတင်း
ကဆုန်ညောင်ရေသွန်းပွဲနေ့ အင်းစိန် ကျောက်တော်ကြီးဘုရားသို့ လာရောက်သူနည်းပါး
DVB
·
May 3, 2023
ကဆုန်ညောင်ရေသွန်းပွဲနေ့ အင်းစိန် ကျောက်တော်ကြီးဘုရားသို့ လာရောက်သူနည်းပါး
1 / 4
Donate to DVB

ရန်ကုန်မြို့၊ အင်းစိန် ကျောက်တော်ကြီးဘုရားမှာ နှစ်စဥ် ကဆုန်လပြည့်နေ့ ကျင်းပလေ့ရှိတဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်မှာ ဒီနှစ်မှာတော့  လူစည်းကားခြင်းမရှိဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းမီက နှစ်စဥ် ကျောက်တော်ကြီး ညောင်ရေသွန်းပွဲမှာ လူစည်ကားလေ့ရှိပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် လာရောက်သူနည်းပါးတယ်လို့ စျေးရောင်းချသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ အားခဲထားတာ ရောင်းရမယ်ဆိုပြီး၊ လူကလည်း ကွက်တိကွက်ကြားလောက်ပဲ လာတယ်။ လာတဲ့သူတွေကလည်း ဘုရားပန်းနဲ့ မုန့်ပဲသရေစာလောက်ပဲ ဝယ်တယ်။”

ကျောက်တော်ကြီးအတွင်းရှိ စျေးဆိုင်တွေမှာ ဒီနှစ် ညောင်ရေသွန်းပွဲတော် စျေးကောင်းမယ်လို့ ထင်ထားကြပေမဲ့ ဘုရားပန်းဝယ်သူတွေမှအပ တခြားစားသောက်ကုန်နဲ့ အဝတ်အထည်ဆိုင်တွေကို ဝယ်ယူသူမရှိလောက် နည်းပါးပါတယ်။

အင်းစိန် မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရားကို အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မရမ်းကုန်းနဲ့ လှိုင်၊ ကမာရွတ်မြို့နယ်တွေက လာရောက်သူများပြားတယ်လို့ သိရပါတယ်။

အရင် အရပ်သားအစိုးရလက်ထက်က ကျောက်တော်ကြီးဘုရား ကဆုန်လပြည့် ညောင်ရေသွန်းပွဲမှာ လူတိုးလို့မရအောင် စည်ကားတယ်လို့ စျေးရောင်းချနေသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013