DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အနောက်မြောက်ဘက်တွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းကျော်ရှိလာဟု ကုလ ထုတ်ပြန်
DVB
·
May 3, 2023
မြန်မာပြည်အနောက်မြောက်ဘက်တွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းကျော်ရှိလာဟု ကုလ ထုတ်ပြန်
Donate to DVB

စစ်အာဏာသိမ်းယူပြီးချိန်ကတည်းကမြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူ ဦးရေဟာ ပထမဆုံးအကြိမ်အနေနဲ့ ၁ သန်းကျော်လွန်သွားခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) က ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၁ ဒသမ ၈ သန်းကျော် ရှိလာနေတာပါ။

ဒါ့အပြင် နိုင်ငံရဲ့ အနောက်‌မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဆက်လက်ဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ အခု ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ ဖော်ပြထားတာဖြစ်ပြီး ဧပြီ ၂၄ ရက်ကနေ ၂၇ ရက်အထိ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တာကြောင့် ဆေးရုံ ၁ ရုံ ပျက်စီးပြီး လူနာတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေက ယာယီစခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပြီး အစီရင်ခံနေချိန်အတွင်းမှာပဲ  ဒေသတချို့မှာ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်ခဲ့ပြီး နေအိမ်နဲ့ အဆောက်အဦတွေ ပျက်စီးခဲ့တာကြောင့် ထပ်လောင်း လိုအပ်ချက်တွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

UNOCHA Myanmar အနေနဲ့ သွားရောက်ကူညီခွင့်ရဖို့ ကန့်သတ်ချက်တွေနဲ့ ရန်ပုံငွေ လိုအပ်ချက်တွေ ရှိနေပေမဲ့လည်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ ထိခိုက်နစ်နာသူတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အရေးပေါ်အကူအညီ‌တွေ ဆက်လက်ပံ့ပိုးပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013