DVB Logo
Home
မြန်မာသတင်း
ပြည်၊ ပေါင်းတည်နှင့် သာယာဝတီထောင်များမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်
DVB
·
May 3, 2023
ပြည်၊ ပေါင်းတည်နှင့် သာယာဝတီထောင်များမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်
1 / 3
Donate to DVB

ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက  နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ကျော်ပြန်လွှတ်ပေးတဲ့အထဲမှာ ပြည်ထောင်ကနေ နိုင်ငံရေးအကျဥ်းသား စုစုပေါင်း ၄၈ ယောက်၊ ပေါင်းတည်ထောင်က ၃ ယောက် လွတ်မြောက်ခဲ့တယ်လို့ ဒေသခံ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းကနေ သိရပါတယ်။

ထောင်ရှေ့မှာ သွားကြိုနေတဲ့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တယောက်က “ပြည်ထောင်မှာက ပထမ စာရင်းရတာက ၄၉ ယောက်၊ အဲ့ဒီမှာ တယောက်က တခြားပုဒ်မ တခုက ကျန်နေတော့ ၄၈ ယောက်ဖြစ်သွားတာ။ အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး ၁၂ ယောက်ပဲ လွတ်တာ။ အားလုံးက ၅၀၅ တွေပဲ။ အခုမနက် ၁၀ နာရီ မိနစ် ၅၀ မှာ ပထမအသုတ်အနေနဲ့ စလွှတ်နေပြီ” လို့ ပြောပါတယ်။

ပေါင်းတည်ထောင်ကတော့ မနက် ၁၀ နာရီမှာ စလွှတ်ပြီး ၅၀၅ ပုဒ်မ တပ်ထားတဲ့ ကိုမြခိုင်၊ ကိုအောင်ဆန်းလင်းနဲ့ မသီတာတို့ပဲ လွတ်လာကြပြီး သူတို့အားလုံးက နတ္တလင်းမြို့နယ်ထဲမှာ နေတဲ့သူတွေဖြစ်တယ်လို့ ပေါင်းတည်ထောင်ရှေ့ သွားစောင့်နေသူ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တယောက်က ပြောပါတယ်။

သာယာဝတီထောင်ကတော့ ကျား ၁၂၅၊ မ ၇၅ ယောက် ပြန်လွတ်တယ်လို့ စာရင်းသိရပြီး အခုထိတော့ အပြင်မရောက်သေးဘူးလို့ သာယာဝတီထောင် ဝန်ထမ်းတယောက်ထံက သိရပါတယ်။

စစ်ကောင်စီက ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ ပြည်သူတွေ စိတ်နှလုံးချမ်းသာအောင်၊ လူသားအချင်းချင်းစာနာမှုတွေနဲ့ အကျဥ်းထောင်အသီးသီး၊ အချုပ်ထောင်အသီးသီး၊ စခန်းအသီးသီးကနေ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ယောက်ကို မတ်လ ၃ ရက် နေ့စွဲနဲ့ လွှတ်ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။

လွတ်မြောက်ခဲ့သူတွေက ပုဒ်မ ၄၀၁၊ အပိုဒ် ၁ အရ နောက်ထပ် တစုံတရာ ပြစ်မှုကျူးလွန်ရင် ပထမလက်ကျန်နှစ်ကို ပြန်ခံရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013