DVB Logo
Home
မြန်မာသတင်း
ထန်းတပင်မြို့နယ်၌ စစ်တပ်က လေကြောင်းမှတိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
DVB
·
May 3, 2023
ထန်းတပင်မြို့နယ်၌ စစ်တပ်က လေကြောင်းမှတိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအရှေ့ဘက်ကမ်း ဘုမ္မတီးရွာ၊ ကျွဲလမ်းရွာ၊ သရက်တန်း၊ ကြို့ပင်သာရွာတွေကို မေ ၂ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၂ နယ်မြေအတွင်းက ကျေးရွာတွေကို တောင်ငူလေတပ်ကနေ တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရသလို ကျေးရွာ ၄ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒေသခံရွာသားတဦးက “လေကြောင်းကနေ ဗုံးကြဲပြီး ပစ်ခတ်သွားတာ။ အခု အရပ်သားပြည်သူတွေနေတဲ့ရွာမှန်း သိသိနဲ့လုပ်တာ။ လက်နက်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ လုပ်သွားတာ။ ကျနော်တို့ပြည်သူတွေကလည်း အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်စေချင်ပြီ။ အမြန်ဆုံးလည်း ချုပ်ငြိမ်းစေချင်ပြီ။ ပြည်သူတွေက ကျီးလန့်စာစား နေနေရတဲ့ဘဝ ဖြစ်နေပြီ” လို့ ပြောပါတယ်။

မေ ၂ ရက် မနက်ပိုင်းက ‌ေကအန်ယူ တပ်မဟာ ၂ တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်နေတာကို စစ်ကောင်စီတပ်က သတင်းရရှိပြီး တောင်ခြေမှာရှိတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားသလို ဘုမ္မတီးရွာအတွင်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်တွေ ရောက်ရှိနေတယ်ဆိုတဲ့သတင်း စစ်ကောင်စီတပ်ကို သတင်းပေးသူရှိတဲ့အတွက် အခုလို လာရောက်ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ ကေအန်ယူ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘုမ္မတီးကျေးရွာထဲကို ဇရပ်ကြီးအခြေစိုက် စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိရာ ဧပြီလ နောက်ဆုံးပတ်က အသက် ၅၀ အရွယ် အမျိုးသားတဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

photo-cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013