DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်း နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ
DVB
·
May 3, 2023
တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်း နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ
1 / 2
Donate to DVB

တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်းဟာ မေ ၂ ရက်က နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံတော် ကောင်စီ၀င်နဲ့ နိုင်ငံခြားရေး၀န်ကြီး ဖြစ်တဲ့အချိန်မှာ မြန်မာကို ပထမဆုံးအကြိမ် လာရောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအပြင် တရုတ်အနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်နေတာကို ပြသတာ ဖြစ်တယ်လို့ စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနဲ့ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး၊ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မေလ ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း မနေ့က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ဝန်ကြီး ဦးသန်းဆွေနဲ့ သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာပြည်တွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက  သတင်းထုတ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား အကောင်အထည်နေတဲ့ စီမံကိန်းတွေ၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ ကုလသမဂ္ဂတို့မှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ အကျိုးတူကိစ္စရပ်တွေအပေါ် ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေး၀န်ကြီးဟာ နေပြည်တော်ကို မလာခင် တရုတ်မြန်မာနယ်စပ်မှာ သွားရောက်ခဲ့သေးတယ်လို့ တရုတ်မီဒီယာတွေမှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံခြားရေး၀န်ကြီးနဲ့အဖွဲ့ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ပါ  တွေ့ဆုံဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ မြန်မာခရီးစဉ်မတိုင်ခင် မေလ ၁ ရက်နေ့က ဘေဂျင်းမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ 

Photo-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013