DVB Logo
Home
မြန်မာသတင်း
ကေအန်ယူဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်
DVB
·
May 2, 2023
ကေအန်ယူဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ၁၀ ဦး‌မြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ၁၇ ကြိမ်မြောက် ကေအန်ယူကွန်ဂရက်ကနေ မေလ ၂ ရက် ဒီနေ့မှာ ‌ရွေးကောက်တင်မြှောက်လိုက်ပါတယ်။

ကွန်ဂရက်မှာ မနေ့က ဗဟိုကော်မတီလောင်းတွေကို ရွေးချယ်ခဲ့ပြီး ဒီကနေ့မှာတော့ ဗဟိုကော်မတီ အယောက် ၃၀ ကို ရွေးချယ်တင်မြှောက်ခဲ့တာပါ။

အဲဒီဗဟိုကော်မတီဝင်ထဲမှာ‌တော့ လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ကရင်လူထုက ထောက်ပြနေတဲ့ ပဒိုရော်ဂျာခင်ကိုတော့ ပြန်လည်ရွေးချယ်ခြင်း မပြုတော့ပါဘူး။

ဒီရွေးချယ်တင်မြှောက်လိုက်တဲ့ ဗဟိုကော်မတီ ၃၀ အပြင် ခရိုင်မှူးနဲ့ တပ်မဟာမှူးတွေဟာ အလိုအ‌လျောက် ဗဟိုကော်မတီဝင်ဖြစ်ပါတယ်။

ဒီကနေ့ ဗဟိုကော်မတီရွေးချယ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဆက်လက်ရွေးချယ်ရာမှာ  ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်လိုက်တာပါ။

ဆက်လက်ပြီး ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ၁၀ ဦး‌မြောက်ဥက္ကဋ္ဌအဖြစ် ဒီကနေ့ ရွေးချယ်ခံရတဲ့ ပဒိုစောကွယ်ထူးဝင်းဟာ ဘိတ်/ထားဝယ်ခရိုင်ကနေတဆင့် ဗဟိုအဆင့် ရောက်ရှိလာသူဖြစ်ပြီး ပြီးခဲ့တဲ့သက်တမ်းမှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးဥက္ကဋ္ဌမှာ စောစံဖိုးသင် ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ကေအန်ယူ ဥက္ကဋ္ဌတွေအဖြစ် စောစံဖိုးသင် ၁၉၄၇၊ စောဘဦးကြီး ၁၉၄၇ မှ ၁၉၅၀၊ စကောလယ်တော ၁၉၅၀ မှ ၁၉၅၃၊ စောဟံတာသာမွေး ၁၉၅၃ မှ ၁၉၆၃၊ မန်းဘဇံ ၁၉၆၃ မှ ၁၉၇၅၊ စောဘိုမြ ၁၉၇၆ မှ ၂၀၀၀၊ စောဘသင်စိန် ၂၀၀၀ မှ ၂၀၀၈၊ စောတာမလာဘော ၂၀၀၈ မှ ၂၀၁၂၊ စောမူတူးစေးဖိုး ၂၀၁၂ မှ ၂၀၂၃ အထိ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန၊ တရားရေးဌာန၊ သစ်တောဌာန အပါအဝင် ဌာနကြီး ၁၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်မှာ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013