DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ဆန်ဈေး ထပ်တက်
DVB
·
May 2, 2023
ပြည်တွင်း ဆန်ဈေး ထပ်တက်
Donate to DVB

သင်္ကြန်အပြီး ဈေးတောက်လျှောက် ထိုးတက်လာတဲ့ ဆန်ဈေးတွေဟာ အခုတစ်ပတ်မှာလည်း ဆန်ချောရော၊ ဆန်ကြမ်းဈေးတွေပါ တစ်အိတ်ကို ကျပ် ၂၀၀၀ ကနေ ၅၀၀၀ ကြား စျေးထပ်မံ မြင့်တက်လာပြန်ပါတယ်။

ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၉၀၀၀၀ ကျပ် ဖျာပုံပေါ်ဆန်းက ၈၅၀၀၀ ကနေ ၈၆၀၀၀ ကျပ်၊ ကြားပျံရှယ် တစ်အိတ်ကို ကျပ် ၈၅၀၀၀ ကနေ ၉၂၀၀၀ ကျပ်၊ ရက် ၉၀က ကျပ် ၆၄၀၀၀ ကနေ ၇၀၀၀၀ ကျပ်၊ ခွံနီဆန်က ကျပ် ၇၀၀၀၀ ကနေ ၇၆၀၀၀ ကျပ်ရှိပြီးအမျိုးအစားအားလုံးနီးပါး ဈေးဆက်တက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ဈေးကွက် ပေါက်စျေးနဲ့ယှဉ်ရင် အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ်၂၀၀၀ ကနေ ၅၀၀၀ အကြား မြင့်တက်လာတာ တွေ့ရပါတယ်။

အခုလို ပြည်တွင်းဆန်ဈေးတွေ တောက်လျှောက်ထိုးတက်နေတဲ့အပေါ် ကုန်သည်နဲ့ လှောင်လက်တွေရဲ့ စျေးကစားမှုကြောင့်လို့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ရန်ကုန်အခြေစိုက် ဆန်လက်ကား ရောင်းချသူတစ်ဦးက “ဆန်လှောင်ထားတဲ့ ကုန်သည်၊ ပွဲစားတွေက ဈေးဆွဲတင်နေတာ။ ပစ္စည်‌ေရှားနေတယ်၊ ပြတ်လပ်နေပြီ ဆိုပြီး လူတွေ စိုးရိမ်လာအောင် လုပ်တာပေါ့။ လောဘသားတွေ ‎ဈေးကစားတော့ နောက်ဆုံးတော့ စားသုံးသူပဲ ထိခိုက်တာ၊ ဘယ်လိုပြောရောင်းရမှန်းကို မသိတော့ဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ အွန်လိုင်းမှာ မမှန်တဲ့ဈေးနှုန်းတွေ၊ မမှန်တဲ့ သတင်းအချက်အလက်တွေ ဖန်တီးပြီး ဆန်ဈေးမြင့်တက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေသူတွေကို စိစစ်ဖော်ထုတ်ပြီး ထိန်းကျောင်းသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013