DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး၊ မြန်မာ့ အချုပ်အခြာကို လေးစားသင့်ဟုပြော
DVB
·
May 2, 2023
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး၊ မြန်မာ့ အချုပ်အခြာကို လေးစားသင့်ဟုပြော
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းတို့ဟာ မေလ ၁ ရက်နေ့က ဘေဂျင်းမြို့တော်မှာတွေ့ဆုံပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ CGTN တရုတ်သတင်းမှာဖော်ပြပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ပြန်လည်တည်ဆောက်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်တယ်လို့ ပြောလိုက်ပြီး တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေထက် မြန်မာနဲ့ ပိုမိုရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရရှိဖို့ ပိုပြီးတော့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နောက်ခံအခြေအနေဟာ ရှုပ်ထွေးပြီးတော့ ဒါကို အမြန်ဆုံး ပြုပြင်ပြောင်းလဲနိုင်ဖို့တော့ ခက်ခဲမှာဖြစ်ကာ နိုင်ငံတကာအနေနဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေမူ ဘောင်တွေအောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် မြန်မာ့နိုင်ငံရေး အသွင်ကူး ပြောင်းနိုင်ဖို့အတွက် သက်ဆိုင်တဲ့ ပါတီတွေအားလုံးကို ပေါင်းကူးတံတားလုပ်ပေးပြီ ကူညီဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာချင်ဂန်းက ပြောပါတယ်။

ဒေါက်တာ နိုလင်းဟေဇာကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာဖြေရှင်းရေးကို မြန်မာကပဲ ဦး ဆောင်သင့်ပြီး ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားသင့်တယ်လို့ ပြောလိုက်ပြီးတော့ ခုလို တွေ့ဆုံဆွေးနွေးမှုက အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အနာဂတ်မှာတော့ ခြားနားမှုတခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေး ပြေလည်အောင် မြှင့်တင်ရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ရှိကြောင်းနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေ ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ ပြောပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပေမယ့် ထူးခြားတဲ့ရလဒ်မရရှိခဲ့ပါဘူး။

Photo- Chinese Foreign Ministry

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013