DVB Logo
Home
မြန်မာသတင်း
ပုလဲလမ်းဆုံအနီး အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ၁ ဦး YBS ဘတ်စ်ကား တိုက်ခံရပြီး သေဆုံး
DVB
·
May 1, 2023
ပုလဲလမ်းဆုံအနီး အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ၁ ဦး YBS ဘတ်စ်ကား တိုက်ခံရပြီး သေဆုံး
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲလမ်းဆုံအနီး ကုဋေကြွယ်လက်ဖက်ရည်ဆိုင် အရှေ့ အမှတ် (၃) လမ်းမပေါ်မှာ ဧပြီ ၃၀ ရက် ညနေပိုင်းက အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးငယ် တယောက် ကို YBS 92 က တိုက်မိကာ တက်ကြိတ်မိတာကြောင့် သေဆုံးသွားတယ်လို့ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ 

အသက် ၂၅ ဝန်းကျင်ခန့်ရှိ အမျိုးသမီးငယ်ဟာ စက်ရုံဆင်းချိန် ညနေ ၅ နာရီလောက်မှာ ကားလမ်းဖြတ်ကူးရာမှ YBS 92 က ဝင်တိုက် တက်ကြိတ်တာကြောင့် ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတာပါ။ 

သေဆုံးသူဟာ စစ်ကိုင်း၊ မုံရွာမြို့နယ်ကနေ မင်္ဂလာဒုံမြို့နယ်မှာ အဒေါ်ဖြစ်သူနဲ့နေထိုင်ကာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ 

ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တဦး "ပုလဲလမ်းဆုံနားမှာ အထည်ချုပ်ကနေ အလုပ်ပြန်လာရင်း လမ်းဖြတ်ကူးတယ်။ အဲဒီနေရာမှာ လမ်းကွေ့မယ့်ကားက ရှိတယ်။ အဲဒါကို YBS ၉၂ က ပတ်ကျော်တယ် ပြောတယ်။ ကောင်မလေးကို တိုက်မိတယ်။ ကျော်ရင်းနဲ့ တက်ကြိတ်သလို ဖြစ်သွားတာ”လို့ ပြောပါတယ်။ 

သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပြီး ဒေသခံတွေရဲ့ ပြောပြချက်အရ ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့တဲ့ ပုလဲလမ်းဆုံအနီးနေရာက စက်ရုံဆင်းချိန်ဆို ယာဉ်ကြောပိတ်ဆို့ကာ ယာဉ်မတော်တဆမှုအတွက် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

လူကို ဝင်တိုက်ခဲ့တဲ့ YBS 92 က ယာဉ်မောင်းကို မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013