DVB Logo
Home
မြန်မာသတင်း
ထီးချိုင့် စစ်ဘေးဒုက္ခသည်များ အပူဒဏ်ကြောင့် သေဆုံးမှုများရှိနေ
DVB
·
April 30, 2023
ထီးချိုင့် စစ်ဘေးဒုက္ခသည်များ အပူဒဏ်ကြောင့် သေဆုံးမှုများရှိနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်သာရွာကို အာဏာသိမ်စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ နေထိုင်စားသောက်စရာမရှိ ဖြစ်နေပြီး ပူပြင်းတဲ့ အပူဒဏ်ကိုလည်း ခံစားနေကြရကာ အသက်ကြီးရင့်သူတွေ သေဆုံးတာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က ညောင်ပင်သာရွာမှာရှိတဲ့ အိမ်တွေအားလုံးနီးပါး မီးရှို့သွားတော့ ရွာသားတွေမှာ နေစရာမရှိတော့ဘူး။ ရွာကနေ စစ်ကြောင်းပြန်ထွက်သွားတော့ ရွာသားတွေ အားလုံး ကိုယ်ခြံ၀န်းထဲမှာပဲ ဖြစ်သလို တဲထိုးပြီး ပြန်နေနေကြတယ်။ အသက်ကြီးရွယ်နဲ့ ကလေးငယ်တွေ အခုပူပြင်းတဲ့ဒဏ်ကို တော်တော်ခံစားနေရတယ်။ ရာသီဥတုဒဏ်မခံနိုင်တဲ့ သက်ကြီးရွယ်အို နှစ်ယောက်တော့ သေသွားတာရှိတယ်။ ဒီလိုသာ ဆက်ပူနေရင် အသက်ဆုံးရှုံးမယ့်သူတွေ ပိုများလာနိုင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ညောင်ပင်သာကျေးရွာကို မတ် ၃၀ ရက်က ရောက်ရှိလာပြီး မတ် ၃၁ ရက်နေ့မှာ ကျေးရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံအပါအ၀င် နေအိမ် ၂၅၀ ကျော်ကို မီးရှိုးဖျက်ဆီးခဲ့ပါတယ်။ 

ဒါ့အပြင် ကျွဲ၊ နွားနဲ့ အိမ် မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်ခဲ့ကာ အဖိုးတန်ပစ္စည်းတွေလည်း ယူဆောင်သွားခဲ့ပါတယ်။ ညောင်ပင်သာတိုက်နယ်ဆေးကို မီးရှိုးခံရတဲ့အထဲ ဆေးဝါးပစ္စည်းတွေလည်း မီးလောင်ပျက်စီးသွားတာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ခက်ခဲနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

“တိုက်နယ်ဆေးရုံးကို စစ်တပ်က မီးတင်ရှို့တော့ ဆေးပစ္စည်းတွေလည်း အားလုံးမီးလောင်တဲ့အထဲ ပါသွားတယ်။ အဲ့ဒီတော့ ရွာသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးက ပြတ်လပ်သွားတယ်။ ရွာသားတွေထဲမှာ ကိုယ်၀န်ဆောင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေ အစုံရှိနေတော့ သူတို့အတွက် အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်” လို့ ကူညီနေသူတဦးက ပြောပါတယ်။

ညောင်ပင်သာကျေးရွာက တိုက်နယ်ဆေးရုံအပါအ၀င် နေအိမ် ၂၅၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာသူ ရွာသား ၅၀၀၀ ကျော် အိုမဲ့ အိမ်မဲ့ဖြစ်ကာ စာ၀တ်နေရေးလည် ခက်ခဲနေပြီး ကျန်းမာရေးစောင့် ရှောက်မှုလည်း လိုအပ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဟာ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေအပြင် အရပ်သားနေအိမ်ပေါင်း ၆၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁,၃၇၄,၀၈၃ ရှိပြီး တနိုင်ငံလုံး အတိုင်း အတာမှာတော့ ၆၈၂၃၄၄ ထိ တိုးများလာခဲ့တယ်လို့ ISP- Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013