
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ Non-CDM ပညာရေးဝန်ထမ်း အမျိုးသမီး ၂ ယောက်ကို ဒေသတွင်းကာကွယ်ရေး PDF အဖွဲ့က ဧပြီ ၂၆ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက "Non-CDM ပညာရေးဝန်ထမ်း ၂ ယောက်ကို ဧပြီ ၄ ရက်က ဖမ်းဆီးခဲ့ပြီး ၁ လနီးပါး ထိန်းသိမ်းထားတာ ၂၆ ရက် နေ့လယ်က ပြန်လွှတ်ပေးခဲ့တာ"လို့ ပြောပါတယ်။
အမည်နဲ့ နေရပ်ကိုတော့ လုံခြုံရေးအရ မဖော်ပြဖို့ ကာယကံရှင်တွေက တောင်းဆိုထားပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲ မကြာခဏဖြစ်ပွားရာမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။