DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် Local PDF စခန်းတခုကို ပကဖကစီးနင်းတိုက်ခိုက်မှု တရားမျှတမှုရရေး တောင်းဆို
DVB
·
April 29, 2023
ဂန့်ဂေါတွင်  Local PDF စခန်းတခုကို ပကဖကစီးနင်းတိုက်ခိုက်မှု  တရားမျှတမှုရရေး တောင်းဆို
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ Local PDF စခန်းတခုကို ပကဖက ဝင်ရောက်စီးနင်းခဲ့လို့ အမှန်တရားပေါ်ပေါက်ဖို့နဲ့ တရားမျှတမှုရှိဖို့ Phoenix Defence Battalion-PDB ရဲ့ တပ်ရင်းမှူးက တောင်းဆိုလိုက်ပါတယ်။

ဧပြီ ၂၀ ရက်မှာ  PDBနဲ့ ထောက်ပို့ပြည်သူတွေနဲ့ အစည်းဝေးလုပ်နေတဲ့အချိန်မှာ ဂန့်ဂေါခရိုင် တပ်ရင်း(၁၄)နဲ့ ပကဖ အဖွဲ့တွေက ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြတာလို့ ပြောပါတယ်။

ဒီဖြစ်စဥ်မှာ PDB ရဲဘော်တွေနဲ့ ထောက်ပို့အဖွဲ့ဝင် ၃၀ ကျော်လောက်ဖမ်းဆီးခံခဲ့ရပြီး တပ်ရင်းမှူး ကိုဗစ်အပါအဝင် ၃ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ လက်နက်ခဲယမ်းတွေနဲ့ ပြည်သူတွေထောက်ပံ့လှူဒါန်းထားတဲ့ ငွေကျပ် သိန်း ၂၀၀ သိမ်းဆည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

PDB တပ်ရင်းမှူး ကိုဗစ်က “ကျနော်တို့ဆီကိုတော့ ပြဿနာရှိတဲ့အကြောင်းကို ဖုန်းဆက်အကြောင်းကြားထားတာလည်းမရှိဘူး။ စာထုတ်ထားတာလည်းမရှိဘူးဗျ။ ရုတ်တရက်ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခံလိုက်ရမှ ကျနော်တို့ ပြေးလိုက်ရတာ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ မှားယွင်းတာမျိုးရှိတယ်ဆိုရင်၊ တိုင်ကြားထားတာမျိုးရှိတယ်ဆိုရင် ပထမအဆင့် ဖုန်းဆက်ပြီးဖြစ်ဖြစ် စာပို့ပြီးဖြစ်ဖြစ်ခေါ်စေချင်တယ်။ အဲလိုခေါ်လို့မှမလာဘူးဆိုမှသာ ဒီလိုဝင်စီးတာမျိုးလုပ်သင့်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာပအဖ ခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းရာမှာ အရေးပေါ်ဝင်ရောက်ဖမ်းဆီးလိုက်ရတာလို့ အကြောင်းပြန်တယ်။ ကျနော်တို့ ပြဿနာတွေရှိရင် ဒေသတွင်းက အဖွဲ့စည်းပေါင်းစုံရဲ့ရှေ့မှာ စစ်ဆေးခံပြီး ပေးတဲ့အပြစ်ကို ခံယူဖို့ပြောပေမဲ့သူတို့ ဘက်ကလက်မခံဘဲ ကျန်တဲ့အဖွဲ့စည်းတွေကို အသိမပေးဘဲ ရှင်းချင်တယ်”လို့ ပြောပါတယ်။

ဒေသခံ Local အဖွဲ့ဆိုပေမယ့် NUG ရဲ့လက်အောက်ခံအဖွဲ့အဖြစ်နဲ့ ရပ်တည်ဖို့အတွက် တိုင်းအဆင့်ထိသွားရောက်ပြီး စာတင်ထားကြောင်းနဲ့ ကစတွေ၊ ပျူတွေ၊ ရဲတွေ၊ ဒလန်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ လုံးဝမလုပ်ပဲ တော်လှန်ရေးပြီးတဲ့အထိ ဖြူစင်ရိုးသားစွာနဲ့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။

ဘာကြောင့်ဝင်ရောက်စီနင်း ဖမ်းဆီးတယ်ဆိုတာကို မသိရှိရသေးဘဲ ဖမ်းဆီးခံရတဲ့အထဲ PDFရဲဘော်တွေ၊ ထောက်ပို့အဖွဲ့တွေ၊ ကလေးသူငယ်တွေပါဝင်နေပြီး မှားတာ ရှိရင် အပြစ်ဒဏ်ကိုခံယူဖို့ အသင့်ဖြစ်သလို မှန်ရင်လည်း ဖမ်းဆီးသွားတဲ့သူတွေကို ပြန်လွှတ်ပေးကာ သိမ်းဆည်းခံခဲ့ရတဲ့ လက်နက်ခဲယမ်းတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ပြန်ပေးဖို့ ကိုဗစ်က ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတယောက်ကတော့ ဒီကိစ္စတွေအားလုံးကို ဝန်ကြီးဌာနကို တင်ပြထားပြီး ပြောရေးဆိုခွင့်မရှိတာကြောင့် ဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်က “ကျနော်တို့ဆီကိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ သတင်းရောက်ရှိခြင်းမရှိသေးပါဘူး။ ကျနော်တို့ စုံစမ်းမှု ဆက်လုပ်သွားပါမယ်လို့"ပြောပါတယ်။

PDB ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ ပကဖတွေ ပအဖအဖွဲ့တွေ မဖွဲ့ခင်ကတည်းက စစ်ကောင်စီရဲ့ ယာဥ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်ကာ တော်လှန်ခဲ့တဲ့ အဖွဲ့စည်းတခုဖြစ်ပြီး နောက်ပိုင်းမှာ ယောကာကွယ်ရေးတပ်-YDF ရဲ့တပ်ရင်းတခုအဖြစ်ရပ်တည်ခဲ့ကာ YDF တပ်ရင်းကနေ နုတ်ထွက်ခဲ့ပြီး သီးခြားရပ်တည်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013