Home
မြန်မာသတင်း
ငါးသိုင်းချောင်းမြို့တွင် မှုခင်းသတင်းထောက် ၁ ဦး ပစ်သတ်ခံရ
DVB
·
April 29, 2023

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဧပြီလ ၂၇ ရက် မနက်ပိုင်းက မှုခင်းသတင်းထောက်တယောက်  သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မရင်းကူးကျေးရွာမှာနေထိုင်တဲ့ မှုခင်းသတင်းထောက် ဦးတင်သန်းဟာ မနက် ၇ နာရီလောက်မှာ သေနတ်နဲ့ ၂ ချက်အပစ်ခံရပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူက အမှုပွဲစားလည်းလုပ်တယ်၊ မှုခင်းသတင်းထောက်လို့လည်းပြောတယ်၊ တွေ့တာတော့ စစ်တပ်နဲ့ရော ရဲနဲ့ရော အမြဲတွေ့ရတယ်၊ သူ့ကြောင့် အဖမ်းခံရတာလည်းရှိတော့ အဲ့တာကြောင့် အရှင်းခံရတာဖြစ်နိုင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မှုခင်းသတင်းထောက် ဦးတင်သန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က သူနေထိုင်ရာ နေအိမ်မှာ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ရင်ဘတ်ကိုထိကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံအများစုကတော့ မှုခင်းသတင်းထောက် ဦးတင်သန်းဆိုသူဟာ အမှုပွဲစား လုပ်သလို စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး မကျေနပ်တဲ့သူတွေကို ခေါ်ဖမ်းခိုင်းတာမျိုးတွေရှိ တာကြောင့် ကျေးရွာနေပြည်သူတွေက သူ့ကိုကြောက်လန့်နေရတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

မှုခင်းသတင်းထောက် ဦးတင်သန်းကို ပစ်ခတ်ရှင်းလင်းတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရသေးသလို ပုသိမ်ခရိုင်အတွင်းက တော်လှန် ရေးအင်အားစုတွေဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024