DVB Logo
Home
မြန်မာသတင်း
အဆိုတော်လင်းလင်း ရိုက်ကူးသည့် တော်လှန်ရေးရုပ်ရှင် ၂ ကား ပြင်သစ်ရုပ်ရှင်ပွဲတော်တွင် ဆုရရှိ
DVB
·
April 29, 2023
အဆိုတော်လင်းလင်း ရိုက်ကူးသည့် တော်လှန်ရေးရုပ်ရှင် ၂ ကား ပြင်သစ်ရုပ်ရှင်ပွဲတော်တွင် ဆုရရှိ
Donate to DVB

အဆိုတော်လင်းလင်း ရိုက်ကူးတဲ့ တော်လှန်ရေးရုပ်ရှင်ကား ၂ ကားဟာ နာမည်ကြီး ပြင်သစ် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes World Film Festival မှာ ဆုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့အချစ်တော် သရုပ်ဆောင် ဒေါင်းနဲ့ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတို “စမှတ်” ရုပ်ရှင်ကတော့ “Best Educational Film Award” ဆု ရရှိခဲ့တာဖြစ်ပြီး တော်လှန်ရေး မျက်နှာစာ​ပေါ် ဘာမှ မလှုပ်ရှားရ​သေးတဲ့ Musical Film အနေနဲ့ ရိုက်ကူးထားတဲ့ “The Way” ရုပ်ရှင်ကတော့ “Best Mobile Feature Film Award” ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် ချစ်သုဝေက တော်လှန်ရေး အနုပညာ မောင်နှမတွေ စုစုစည်းစည်း လုပ်ဆောင်ခဲ့ကြလို့ ရရှိခဲ့တဲ့ ဒီဆုဟာ ထိုက်တန်တယ်လို့ ပြောပါတယ်။

“စိတ်ဓာတ်နဲ့ အနုပညာကို အကျဥ်းချမရ… ဖိနှိပ်မရ… ဒီ​နွေဦးမှာ ၈ နှစ်အကြာမှ ရုပ်ရှင် ပြန်ရိုက်ဖြစ်တယ်​ပြောရမှာ​ပေါ့… နိုင်ရာဝန်နဲ့ ငါတို့အသံ​တွေ တိတ်မ​နေဖို့ ကြိုးစားခဲ့ကြတာ… Cannes World Film Festival မှာ official selected ဖြစ်ပြီး semifinal… final… nominess ထိ ဖြတ်​ကျော်ပြီး ခု လို ၂ ကားလုံး award winning ဖြစ်​တော့ စိတ်ထဲ ဘယ် လို​ပျော်မှန်းမသိဘူး… ( *Festival de Cannes မဟုတ်ပါ )… မပြည့်စုံမှု​တွေမှာ တို့​တွေမှာ စိတ်ဓာတ်ရယ် အနုပညာရယ်ပဲ ရှိခဲ့တာ... 'စမှတ်' က ကိုလင်း ရဲ့ပထမဆုံးကား... ဒီကားမှာ ကိုယ်က ​နေရာ ၁ ခုမှာ ဝင်စီး​မျောခဲ့ရတာ… "The Way" က​တော့ ခုထိ တလရ မျက်နှာစာ​ပေါ် ဘာမှ မလှုပ်ရှားရ​သေးတဲ့ကားတစ်ခုပဲ… "The Way" musical ရိုက်မယ်​ပြော​တော့ တကယ့်ကို မဖြစ်နိုင်တာကို ငါ့​ယောကျာ်း​တော့ လုပ်ပြီလို့ ​တွေးမိတယ် (မဖြစ် နိုင်တယ်ဆိုတာ အချိန်ရယ်, security ရယ်, resource ​တွေရယ် ဘာဆို ဘာမှမပြည့်စုံ မလုံ​လောက်ဘူး)… ဒါ​ပေမယ့် တလရ ​မောင်နှမ အားလုံး အ​တော်ပင်ပမ်း ဝိုင်းဝန်း ကြိုးစားခဲ့ကြတယ်။ Treza ဆို the way မှာ actor ​တွေ အဝတ်အတွက်​ရော ဖိနပ်​တွေ​ရော စီစဥ်တာအစ catering ပါဝင်ပါခဲ့ရတာ… ဒီလိုပဲ "The Way" မှာ ပါဝင်သူအားလုံးဟာ စုဖွဲ့မှုအား​ကောင်း​ကောင်းနဲ့ ချိတ်ဆက်လုပ်ကိုင်ခဲ့ကြတာမို့… အဲ့အတွက် ဒီဆုဟာ ငါတို့နဲ့ ထိုက်တန်တယ်လို့ တကယ်​တွေးမိတယ်။ ​ပျော်တယ်ကွာ... ​ပျော်ချင်ရင် website ​တွေသာ ဝင်ကြည့်​တော့ ကိုယ့်နိုင်ငံ နာမည်နဲ့ ကိုယ်အနုပညာကို အသိအမှတ်ပြုခံရတာ ဒီကာလမှာ ရင်ထဲတကယ်ကြည်နူးရလို့❤”

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင် တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

“The Way” ရုပ်ရှင်ကားထဲမှာ ပါဝင်ထားတဲ့ တော်လှန်အနုပညာရှင် မြတ်နိုးအေးကလည်း ခုလိုပြောပါတယ်။

“ဒီဘက် ကမ္ဘာအခြမ်းမှာ ပညာအစုံတွေ ရှိကြတဲ့လူတွေက ပစ္စည်းတော့ မစုံမလင် ရှိ တာလေးတွေနဲ့ကိုမှ ဖုန်းလေးနဲ့ပဲ ရိုက်ခဲ့ရတဲ့ ကားလေး… nominations တွေ ဝင်ကတည်းက တစ်ဖွဲ့သားလုံး အရမ်းပျော်နေကြတာ… ခုတော့ “The Way” musical film လေးက “Best Mobile Feature Film” award လေး Cannes World Film Festival မှာ ရသွားတယ်တဲ့..👏 ဘဝမှာ ပထမဦးဆုံး သီချင်းဆိုပြီး ရိုက်ဖူးတဲ့ ကားလေး ပေါ့နော်😅 ဆုပါရသွားတော့ သိပ်ကိုပျော်ရပါတယ်🤎 မြတ်နိုးပါတဲ့ “The Way” လေး အပြင် ကိုလင်းရဲ့ “စမှတ် “လေးပါ “Best Educational Film award တစ်ဆု ထပ်ရပါသေးတယ်… နှစ်ကားလုံးအတွက် congratulations✨👏☺️”

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၂ နှစ်ကျော် ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013