
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြိုမှာ ဧပြီ ၂၇ ရက် မနက် ၉ နာရီလောက်က လုံထန်ပြည်သူ့စစ်လုံခြုံရေးတာဝန်ခံ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ မူဆယ်မြို စက်မှုရပ်ကွက် မင်းထိပ်ခေါင် ၃ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတုန်း ပစ်ခတ်ခံရတာလို့ ပြောပါတယ်။
ဒေသခံတဦးက"မနက် ၉ နာရီဝန်းကျင်လောက်က အသတ်ခံလိုက်ရတာ၊ လက်ဖက်ရည်ထိုင်သောက်နေရင်း အနီးကပ် သေနတ်နဲ့ အနောက်ကနေ လာပစ်သွားတာ။ နေရာမှာပဲ သေဆုံးသွားတယ်" လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်တာ မရှိသေးသလို ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာလည်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့လယ်ကလည်း သိန်းသန်းချီကားကွင်းအနီး ဘဏ်လုံခြုံရေးယူနေတဲ့ လုံထန် ပြည်သူ့စစ်နှစ်ယောက်ကို အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြိုဟာ တရုတ်-မြန်မာနပ်စပ်မြို့ဖြစ်ပြီး လက်နက်ကိုင်အဖွဲစုံရှိပြီး မကြာခဏ စစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့တွေဟာ အမည်မသိလက်နက်ကိုင်တွေရဲ့ ပစ်ခတ်တာ ခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။