DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် မိုင်းနင်းမိပြီး ရဲဘော် ၁ ဦး ဒဏ်ရာရ၊ အသတ်ခံထားရသည့် အမျိုးသား ၁ ဦး​အလောင်း တွေ့ရှိ
DVB
·
April 28, 2023
ဖယ်ခုံတွင် မိုင်းနင်းမိပြီး ရဲဘော် ၁ ဦး ဒဏ်ရာရ၊ အသတ်ခံထားရသည့် အမျိုးသား ၁ ဦး​အလောင်း တွေ့ရှိ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ နယ်မြေရှင်လင်းရေး ပြုလုပ်စဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး PDF ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ကထုတ်ပြန်ပါတယ်။ 

ဧပြီ ၂၇ ရက် မနက် ၉ နာရီခွဲလောက်က  ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့်  တပ်ခွဲ (၃) JPDF မှ ရဲဘော်  ၁ ဦး ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တာဝန်ရှိသူက ပြောပါတယ်။

"တိုက်ပွဲ ဖြစ်ထားတာတော့ နည်းနည်းကြာပြီ။ စကစ တပ်စွဲထားတဲ့နေရာကို ကပ်ရင်း သူတို့ ဆုတ်သွားတဲ့ အချိန်မှာ နယ်မြေရှင်းလင်းရေး လုပ်တာ။ မိုင်းက စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းပါ။ ရဲဘော်က အသက်တော့ မစိုးရိမ်ရပါဘူး။ ခြေထောက်ဖြတ်ရဖို့ များတယ်" လို့ ဒီဗွီဘီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့ကလည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU (Commando) တပ်ခွဲ မှ ရဲဘော် ၁ ဦး   ကုန်းသာကျေးရွာမှာ မိုင်ရှင်းလင်းရေး လုပ်ဆောင်ရင်း   မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ရှမ်း-ကယားနယ်စပ်၊ ပင်လောင်းမြို့နဲ့ ဖယ်ခုံနယ်စပ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲနေထိုင်ခဲ့တဲ့ ကျေးရွာကို နယ်မြေရှင်းရေးပြုလုပ်စဉ် ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၁ က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်ခဲ့တဲ့ တောင်မဲသင်းနဲ့ မြောက်စလုံးရွာ ကြားရှိ လယ်ခြားကျေးရွာကို KNDF တပ်ရင်း ၁၁ က ရဲဘော်တွေ နယ်မြေရှင်းလင်းရေး ဝင်​ရောက်လုပ်ဆောင်စဉ် လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။

သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံထားရသူလို့ ယူဆရပြီး လက်နောက်ပြန်ကြိုးတုတ်လျက် မျက်လုံးနှစ်လုံး အထုတ်ခံထားရကာ ဦးခေါင်းပွင့်ထွက် သေဆုံးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လယ်ခြားကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၂၅ ရက်ထိ တပ်စွဲနေထိုင်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေအတွင်း အထိနာကာ တောင်မဲသင်းရွာဘက်ကို ညပိုင်းမှာ ဆုတ်ခွာသွားတာကြောင့် အဆိုပါအမျိုးသားကို ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးနေတဲ့ အမျိုးသားနဲ့ ပတ်သက်ပြီး အမည်၊ နေရပ်လိပ်စာတွေကို စုံစမ်းမရတာကြောင့် ရဲဘော်တွေကပဲ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးဝန်းကျင်ရွာတွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ လူသားတံတိုင်းအဖြစ် ခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို ကျူးလွန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာများအနီးရှိ ကျေးရွာတွေကို အသွားအလာ မပြုလုပ်ကြဖို့ KNDF တပ်ရင်း ၁၁ က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013