DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တစ်နေ့တည်း တရားမဝင်မြန်မာ ၇၀ ခန့် ဖမ်းဆီးခံရ
DVB
·
April 27, 2023
ထိုင်းတွင် တစ်နေ့တည်း တရားမဝင်မြန်မာ ၇၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား အယောက် ၇၀ နီးပါး အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းတောင်ပိုင်း ဖတ်ထလုန်းခရိုင်ထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် ဧပြီ ၂၆ ရက်က  နယ်မြေခံရဲ၊ လဝက၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေပေါင်းပြီး လမ်းမပေါ်က ယာဉ်အသွားအလာတွေကို စောင့်ကြပ်စစ်ဆေးစဉ်  ပါဘောင်မြို့နယ် ခုတ်ဆိုင်းရပ်ကွက်အပိုင်းရှိ အာရှလမ်းမကြီးပေါ်မှာ ဟတ်ယိုင်ဘက်ကို ဦးတည်မောင်းနှင်နေတဲ့ မီးခိုးရောင်ဟိုင်းလပ်စ် ကုန်တင်ကား တစီးကိုပါ စစ်ဆေးစဉ် ဖမ်းမိခဲ့တာပါ။

အသက် ၂၇ နှစ်ရွယ်ရှိ ယာဉ်မောင်း နိုင်းနုပ်ဖဒွန်းဘွန်းဆိုမောင်းလာတဲ့  ကားနောက်ခန်းမှာ လွှားထားတဲ့အနက်ရောင်မိုးကာစကို ဖွင့်ကြည့်ရာမှာတော့ မတ်တပ်ရပ်အနေအထားနဲ့ ကြပ်ညှပ် လိုက်ပါလာတဲ့ အထောက်အထားမဲ့ အမျိုးသမီး၊ အမျိုးသား ၊ ကလေးတွေပါ စုစုပေါင်း ၂၅ ဦးကို တွေ့ရှိတယ်လို့ ဆိုပါတယ် ။ 

ယာဉ်မောင်းရဲ့ထွက်ဆိုချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း၊ အစကတော့ လက်မှတ် ရှိမရှိဆိုတာကို မသိဘဲ သူတို့ကို တစ်ယောက် ဘတ်၂၀၀၀၀ နှုန်းနဲ့ ဘန်ကောက် ပရတူနမ့်ဈေးအနီးကနေ တောင်ပိုင်းဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ကို ပို့ပေးဖို့ လူတစ်ဦးက ဆက်သွယ်လာကြောင်း၊ သူလည်းအရစ်ကျဝယ်ထားတဲ့ ကားဖိုးသွင်းဖို့ ငွေလိုနေတာကြောင့် အလွယ်တကူလက်ခံခဲ့တာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက တရားမဝင် မြန်မာ ၂၅ ဦးနဲ့တကွ အဆိုပါယာဉ်မောင်းကိုပါ လဝက ဥပဒေနဲ့အရေးယူဖို့ ဖတ်ထလုန်းနယ်မြေရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။ 

အဲဒီနေ့တစ်ရက်တည်းမှာဘဲ ထိုင်းအနောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၄၂ ဦး ( အမျိုးသား ၂၇ ဦး နဲ့ အမျိုးသမီး ၁၅ ဦး ) တို့ကို လမ်းပြ ၁ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တဘက်နိုင်ငံကလူတွေ တရားမဝင် ဝင်ရောက်လာကြောင်း ကြိုတင်သတင်းရတဲ့ အတွက် စစ်တပ်၊ ရဲ ၊ လဝကရဲ ၊ ကျေးရွာလုံခြုံရေးအရံတပ်ဖွဲ့ဝင်နဲ့ လူထုကျန်းမာရေးဌာနဘက်က ပူးပေါင်းအဖွဲ့တွေဟာနယ်စပ်တလျှောက်မှာ စစ်ဆေးနေခဲ့ကြောင်း၊ ၂၆ ရက် ည ၈ နာရီခွဲလောက်မှာတော့ ဆန်ခလပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု ဘန့်ဝမ်းကာ့ ကျေးရွာရှိ ရေကန်ပတ်လမ်းဘက်မှာ မသင်္ကာဖွယ်လူတွေ့ရှိလို့ စစ်ဆေးရာက တရားမဝင် ဝင်လာသူတွေ ဖမ်းမိတာလို့ ဆိုပါတယ်။

သူတို့တွေဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်စတဲ့ ဒေသတွေကဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ လယောင်းနဲ့ ကန်ကျနပူရီမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိပေးခဲ့ရကာ ဘုရားသုံးဆူလမ်းကြောင်းကနေ ခြေလျင်လျှောက်ပြီး ဝင်လာတာလို့ ထွက်ဆိုသွားပါတယ်။ 

ကိုးကား - mgronline

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013