DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေရာချီပျက်စီး
DVB
·
April 26, 2023
ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေရာချီပျက်စီး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဖ်မြို့ရှိ ချက်ခ်မာကူလ် မွတ်စလင်ဒုက္ခသည်စခန်း အမှတ် ၂၁ မှာ ဧပြီ ၂၄ ရက် ည ၉ နာရီက မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ်ခြေ ရာကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး စခန်းအတွင်းနေထိုင်သူ ရိုဟင်ဂျာ ဒုက္ခသည်တဦးက “မီးလောင်မှုဖြစ်တာက ရုတ်တရက်ဖြစ်လာတာ။ မီးသတ်တပ်ဖွဲ့တွေ လာရောက် မီးငြှိမ်းသတ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ တဲအိမ်တွေ ရာနဲ့ချီ မီးလောင်ခဲ့တယ်” လို့ ​ပြောပါတယ်။

အဆိုပါမီးလောင်မှုကြောင့် ပျက်စီးမှု အတိုင်းအတာ အတိအကျ မသိရသေးဘဲ အိမ်ခြေ ၆၀ မှ ၇၀ အထိ မီးလောင်ပြာကျခဲ့ရတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားနဲ့ တက်ခ်နပ်ဖ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ မီးလောင်မှု ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဒီဗွီဘီကို ပြောပါတယ်။

“ဒုက္ခသည်စခန်းတွေမှာ မီးလောင်မူဖြစ်တာ အခုဆိုရင် ၃ ကြိမ်ရှိပြီ။ မတ်လ ၅ ရက်နေ့က ဘာလုခါလီ စခန်းအမှတ် ၁၁ မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်။ အိမ်ခြေထောင်ချီ မီးလောင်ခဲ့ရတယ်။ နောက်ပြီး ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းမှာ  မီး‌လောင်မှုဖြစ်ပွားခဲ့​ပြီး အိမ်ခြေသိန်းနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ အခုတကြိမ်မှာလည်း လူနေအိမ် ၁၀၀ လောက် မီးလောင်ခဲ့တယ်။ မီးလောင်တာ ၃ ကြိမ်ရှိနေပြီ။”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှိနေတဲ့ Zero Line ဒုက္ခသည်စခန်းမှာ ခိုအောင်းနေကြတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တပ်ဖွဲ့တွေကို ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နဲ့ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးတပ်ဖွဲ့ (RAB) တို့ ပူးပေါင်းတိုက်ခိုက်ရာမှာ Zero line ရှိ နေအိမ် ၃၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013