DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင် ဆေးပေးခန်းကို စစ်တပ်က ဗုံးကြဲ
DVB
·
April 25, 2023
ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင် ဆေးပေးခန်းကို စစ်တပ်က ဗုံးကြဲ
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက  ဒေသခံတွေနဲ့ စစ်ဘေးရှောင် အရပ်သားတွေ ခိုလှုံနေထိုင်ကြတဲ့ ဆေးပေးခန်းတခုကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။ 

ဖယ်ခုံမြို့နယ်၊ ဆောင်းဖွေးကျေးရွာက လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို  ဧပြီ ၂၅ ရက် ဒီကနေ့ နေ့လည် ၁ နာရီလောက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး  အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ၁ ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဆေးပေးခန်း အဆောက်အဦ ၂ လုံးနဲ့ ဆေးခန်းထဲက ကုသရေး ဆိုင်ရာ ဆေးပစ္စည်းတွေ၊ ဆိုင်ကယ်နဲ့ ကားတချို့ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပြီး အဆိုပါဆေးပေးခန်းဟာ ကျေးရွာဒေသခံလူထုနဲ့ စစ်ဘေးရှောင် အရပ်သားတွေအတွက်သာ ကျန်းမာရေးလိုအပ်ချက်အရ  ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နေရာသာဖြစ်တယ်လို့ KNDF က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ညပိုင်းမှာလည်း ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာနားကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၂ လုံး လာရောက် ကြဲချသွားပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက် စစ်အုပ်စုဟာ တိုက်ပွဲတွေအတွင်း နေ့စဥ်နီးပါး လေ ကြောင်းအသုံးပြုကာ တိုက်ခိုက်မှုတွေရှိနေတဲ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူတွေသာ နေထိုင်ခိုလှုံကြရတဲ့ နေရာတွေကိုပါ ရန်သူသဖွယ် သတ်မှတ်ကာ ဗုံးကျဲတိုက်ခိုက်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ပေါ်ပေါ်ထင်ထင်ကျူးလွန်နေတယ်လို့ KNDF က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက် ပွဲအကြိမ်ရေ ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈၁ ယောက်သေဆုံးကာ အယောက် ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းတာတွေအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို သယ်ယူတာတွေအတွက် စစ်သုံးရဟတ်ယာဉ်တွေကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ ၅၂ ကြိမ်နဲ့အထက် ပျံသန်းသွားလာခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီး လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေး သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013