DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့်ပေါက်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး ဒေသခံ ၅ ဦး အသတ်ခံရ၊ အရှေ့ဘုန်းကန်ရွာက စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
April 25, 2023
မြိုင်နှင့်ပေါက်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး ဒေသခံ ၅ ဦး အသတ်ခံရ၊ အရှေ့ဘုန်းကန်ရွာက စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း မြိုင်နဲ့ပေါက်မြို့နယ်မှာ ဧပြီ ၂၃ ရက် နဲ့ ၂၄ ရက်တွေက ဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၄ ယောက် ထက် မနည်းသေဆုံးကာ ဒေသခံ ၅ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ မြိုင်ပကဖက သိရပါတယ်။

မင်းကန်ရွာဘက်ကို စစ်ကြောင်းထိုးပြီး ပကဖစခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းကို ဧပြီ ၂၃ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ Drop ဗုံး ၁၅ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

ပန်းတိုင်းတောအရှေ့ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ  ၂၄ ရက် မနက် ၆ နာရီလောက်မှာ ညောင်တွင်းကျေးရွာကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ ပကဖ ရဲဘော်တယောက် လက်နက်ကြီးကျည် ထိမှန်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ညောင်တွင်းရွာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၂ လုံး မီးလောင်ခဲ့ပြီး မီးရှို့နေတဲ့အချိန်မှာ မိုင်း ၅ လုံးဆွဲကာ Drop ဗုံး ၂၉ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့မရဲစခန်းကိုလည်း ဧပြီ ၂၄ ရက် မနက် ၇ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။

Well2 ရေနံမြေစခန်းဘက်ကနေ ဖလံကိုင်းရေနံမြေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဧပြီ ၂၄ ရက် မနက် ၇ နာရီလောက်က မြိုင်နဲ့ပေါက်မြို့နယ်အစပ်က ကံသစ်ရွာနားမှာ မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့ကာ Drop ဗုံး ၂၃လုံးနဲ့ပါ ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ပေါက်မြို့နယ် ပင်ထောင်ကျေးရွာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ လုံခြုံရေးချထားပြီး ယောချောင်ထဲမှာ ငါးမျှားနေကြတာကို ဧပြီ ၂၄ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်မှာ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်  သေဆုံးကာ ပျူစောထီး တယောက်လက်မှာ အပြင်းထန်ဒဏ်ရာရရှိပြီး ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

အဲဒီပင်ထောင်ရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ မွန်းလွဲ ၁ နာရီကျော် လောက်မှာ အလောင်းတွေလာကောက်ပြီး သပြေအေးကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ကြတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပေါက်မြို့နယ် ဇီးပြားရဲစခန်းကနေ အင်အား ၁၀၅ ယောက်လောက်နဲ့ မင်းကိုင်း၊ ချောင်းညာ၊ ထန်းတောကျေးရွာတွေကို ဧပြီ ၂၃ ရက် မနက် ၆ နာရီကျော်လောက်မှာ စစ်ကြောင်းထိုးပြီး ဒေသခံ ၅ ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ငွေကြေးနဲ့ လက်ဝတ်ရတနာတွေကို အဓမ္မ ယူဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ လယ်အို၊လယ်မ ကျေးရွာဘက်ကို ထွက်လာလို့ ဧပြီ ၂၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာ လက်နက်ကြီး/ငယ်တွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီဘက်က ၁၀ နာရီ ၅၆ မိနစ်လောက်မှာ ဂျက်ဖိုက်တာ ၁ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဇီးပြားရဲစခန်းနဲ့ သရော်ကိုင်းပျူစောထီးရွာကို ဧပြီ ၂၄ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ကနေ ၄ နာရီ ၂၉ မိနစ်အထိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး အလုံး ၄၀ ကျော် လောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ဆိုပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာက စစ်သားတွေနဲ့ ပျုစောထီးတွေကို ဧပြီ ၂၃ ရက် မနက် ၁၀ နာရီလောက်မှာ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသိရပါတယ်။

ပခုက္ကူပကဖ တာဝန်ရှိသူက "ပျူတွေရော စစ်သားတွေရော ရောက်နေတာ။ တလုံးက စစ်ကြောင်း ထွက်ဖို့ ပြင်နေတဲ့ စာသင်ကြောင်းထဲ၊ တလုံးက စစ်ကြောင်းနဲ့ ပျူတွေရှေ့ ကျတာ" လို့ ပြောပါတယ်။

အခုလိုတိုက်ခိုက်မှုကြောင့်  စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်နိုင်​ပေမယ့် သီးခြား အတည်မပြု နိုင်သေးပါဘူး။ 

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ ၅  ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရှိတဲ့နေရာကို မရောက်ခဲ့ဘူးလို့ပြောပါတယ်။ 

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ခွဲ(၁)၊ Pakokku Special Guerrilla Force(ပကဖ-PSGF)၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) နဲ့ King Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပေမဲ့ သီးခြားတော့ အတည် မပြုနိုင်ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013