DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၊ မကွေး၊ ပဲခူးနှင့်ဧရာဝတီတွင် လေပြင်းတိုက် ၆ ဦးသေ၊ ၁၀၉ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀၀၀ ကျော် ပြိုကျပျက်စီး
DVB
·
April 24, 2023
နေပြည်တော်၊ မကွေး၊ ပဲခူးနှင့်ဧရာဝတီတွင် လေပြင်းတိုက် ၆ ဦးသေ၊ ၁၀၉ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀၀၀ ကျော် ပြိုကျပျက်စီး
1 / 4
Donate to DVB

နေပြည်တော် လယ်ဝေး၊ ဇမ္မူသီရိ၊ စလင်း၊ နတ်မောက်၊ ရွှေတောင်နဲ့ ဓနုဖြူမြို့နယ်တို့မှာ ဧပြီ ၂၁ ရက်မှ ၂၃ ရက်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ လူ ၆ ဦး သေဆုံးကာ ၁၀၉ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် လူနေအိမ် ၁၂၃၅ လုံး ပျက်စီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်မှာ မနေ့ ည၆ နာရီကျော်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ အထည်ချုပ်စက်ရုံအပါအဝင် နေအိမ် ၅၄ လုံးပြို ကျပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာဘက်တွေကတော့ နေအိမ်တွေပြိုကျတာ မြို့ပေါ်ကအမိုးလန်တာပဲရှိတာ သရက်တော၊ ကျီးသဲ၊ သာစီကုန်း၊ ဆယ်ကြီးကုန်း၊ နွားခြံကုန်း၊ အဲ့ရွာဘက်မှာ နေအိမ်တွေပြိုကျတယ်။”

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ ဧပြီ ၂၁ ရက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ လူနေအိမ် အလုံး ၃၀ ကျော်  ကျော်ပြိုကျပျက်စီးခဲ့ရာ စစ်ကောင်စီက တအိမ်ထောင်လုံး ပြိုကျလျှင် ကျပ် ၁ သိန်းနဲ့ ပျက်စီးတဲ့ အိမ်တွေကိုတော့ တအိမ်ကို ကျပ် ၃၀၀၀၀ ပေးတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက "ခမရ ၁၀၈ က အိမ်ပျက်စီးသွားလို့ဆိုပြီး သုံးသောင်းလာပေးတယ်။ အကုန်ပြိုကျသွားရင် တစ်သိန်းပေးတယ်။ အိမ်ထောင်စု ၃၇ ရှိတယ်။ ပြိုကျတာက ၁၉ အိမ် ပျက်စီးတာက၁၈ အိမ်"လို့ ပြောပါတယ်။

စလင်းမြို့နယ်မှာတော့  ဧပြီလ ၂၂ နေ့လယ်က  လေပြင်းတိုက်လို့ ရပ်ကွက်တချို့နဲ့ ကျေးရွာ ၉၄ ရွာမှာ နေအိမ် ၆၃၈ လုံး ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေပျက်စီးခဲ့ တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

နေအိမ်က ၆၃၈ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဌာနဆိုင်ရာရုံး ၂ လုံး၊ ဝန်ထမ်းအိမ်ရာ ၂ ခန်း အပြင် လမ်းမီးတိုင်တွေပါ ပြိုလဲကျခဲ့တယ်လို့ ပြောပါတယ်။

နတ်မောက်မြို့နယ်မှာလည်း ဧပြီ ၂၂ ရက်က လေပြင်းတိုက်ခတ်ခဲ့လို့ မြို့ပေါ် ရပ်ကွက် ၇ ရပ်ကွက်နဲ့ ကျေးရွာ ၂၀ လောက်ရှိ  လူနေအိမ် ၂၉၆ လုံးပြိုကျပျက်စီးခဲ့ပါတယ်။

နေပြည်တော် ဇမ္မူသီရီမြို့နယ်မှာ ဧပြီ ၂၂ ရက် ညနေ ၅ နာရီလောက်က  လေပြင်းတိုက်ခတ်ခဲ့လို့ စည်ပင်သာယာကျေးရွာ၊ မွန်းတည့်ခွင်းတောင်ရွာနဲ့ မြောက်ရွာ၊ ချောင်ကန်းကြီးကျေးရွာတို့မှာ နေအိမ် အလုံး ၃၀ ကျော်ပျက်စီးသွားပါတယ်။

လယ်ဝေးမြို့နယ်မှာလည်း ဧပြီ ၂၁ ရက်ညနေက မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်လို့ တံတားဦးကျေးရွာနဲ့ အောင်မြင်ကုန်းကျေးရွာမှာ အိမ်ပေါင်း ၂၂၂ လုံးပျက်စီးကြောင်း လယ်ဝေးမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

လေပြင်းတွေကြောင့် တံတားဦးကျေးရွာနေ ဒေါ်တင်မြ၊ ဒေါ်မာမာစိုးနဲ့ အောင်မြင်ကုန်းကျေးရွာနေ ကိုကျော်စွာမြင့်၊ ကိုဝင်းထွန်း၊ ဒေါ်ကြွေနဲ့ ဒေါ်အေးရီတို့ သေဆုံးခဲ့ပြီး ၁၀၉ ဦးဒဏ်ရာရရှိကာ လယ်ဝေးမြို့နယ်ဆေးရုံနဲ့ ဇမ္မူသီရိ ခုတင် ၁၀၀၀ ဆေးရုံတို့မှာ ပို့ဆောင်ကုသပေးထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013