DVB Logo
Home
မြန်မာသတင်း
ပုလောတွင် PDF ဒရုန်း ၁ စီး ပစ်ချခံရ
DVB
·
April 24, 2023
ပုလောတွင် PDF ဒရုန်း ၁ စီး ပစ်ချခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဗုံးသီးသွားချတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့  ဒရုန်း ၁ စီးကို စစ်ကောင်စီတပ်သားတွေက ပစ်ချခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် မနက် ၁ဝ နာရီလောက်မှာ ပုလောမြို့အဝင် စစ်ကောင်စီရဲ့ မကျည်းကုန်းဂိတ်ကို ဒရုန်းနဲ့ သွားရောက်ဗုံးကြဲတဲ့အချိန်မှာ ပစ်ချခံလိုက်ရတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်သား‌တွေရဲ့‌ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒရုန်းရဲ့ကိုယ်ထည်ပိုင်း နံဘေးဘက်မှာ ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

“အမြင့်က အိမ်ခေါင်မိုးအပေါ်နဲ့ဆို တအားနီးလွန်းနေတယ်။ ရိုးရိုးသေနတ်နဲ့ပဲ ပစ်တာပါ။ ပစ်ခံရတာနဲ့ အိမ်ခေါင်မိုးအပေါ် ကျသွားတာ။ ခေါင်မိုးမှာ ပေါက်သွားတယ်” လို့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

ပစ်ချခံရပြီးနောက် ဒရုန်းမှာပါလာတဲ့ ဗုံးသီးကလည်း စစ်ကောင်စီဂိတ်နဲ့ အနီးရှိ လူသူမရှိတဲ့ နေအိမ်တဆောင်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး အိမ်ခေါင်မိုး ထိခိုက်ပျက်စီးခဲ့ကာ ထိခိုက်တဲ့သူ မရှိဘူးလို့လည်း သိရပါ‌တယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ပုလောမြို့တဝိုက် ဂိတ် ၄ ခုရှိပြီး ပလမြို့နဲ့ ပလောက်မြို့တို့မှာ ဂိတ် ၁ ခုစီရှိကာ ဂိတ်တိုင်းမှာ စစ်ကောင်စီတပ်သား ၁ဝ ဦးလောက်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ပုလောမြို့နယ်အတွင်းမှာ အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမျိုး မရှိပေမဲ့ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို စားနပ်ရိက္ခာ ဝယ်ယူခွင့်နဲ့ သယ်ဆောင်ခွင့်တွေ ကန့်သတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013