DVB Logo
Home
မြန်မာသတင်း
ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး အရာရှိပါအဝင် ၃ ဦးသေဆုံး
DVB
·
April 24, 2023
ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး အရာရှိပါအဝင် ၃ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးတယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး ဗိုလ်မှူးတယောက် အပါအဝင် ၃ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်း PDF က ထုတ်ပြန်ပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ ပေါက်ခေါင်းမြို့သို့ ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဧပြီ ၂ ရက်ညနေ ၄ နာရီ ၁၅ မိနစ်က မရိုးကျွန်းရွာနဲ့ ဒိုးနွယ်ရွာအကြားမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၃၊ တပ်ခွဲ၄၊ တပ်ခွဲ၅၊ တပ်ခွဲ၁ (တပ်စု၂) ပူးပေါင်းတပ်ဖွဲ့ Eagle စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်ရာ ရှေ့ဆုံးကားမှာ ပြည်သူတွေလိုက်ပါလာလို့ လွှတ်ပေးလိုက်ပြီး ကားနောက်မှာ ကပ်ပါလာတဲ့ ဗိုလ်မှူးပါဝင်တဲ့ကားနဲ့ ဆိုင်ကယ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်ရာ နေရာမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး  ၃ ယောက် ဒဏ်ရာ  အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တာလို့ ဧပြီ ၂၃ ရက် ပဲခူး PDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးသူ ၃ ယောက်ထဲမှာ ဗိုလ်ကြီးတစ်ဦးပါဝင်ပြီး  ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ ဗိုလ်မှူးတယောက် အပါအဝင် ၃ ယောက်ကတော့  အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ ၂၀ လောက် စစ်ကူရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို မိနစ် ၂၀ လောက်တိုက်ပွဲဖြစ်ပွားပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တယောက် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီ ၂၀ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းကျေးရွာအုပ်စု၊ သရက်ချဉ်ချောင်း‌ကျေးရွာအနီးမှာ  ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေတွေကို ပြည်ခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013