DVB Logo
Home
မြန်မာသတင်း
၂၀၂၃ ခုနှစ် သုံးလအတွင်း ယာဥ်တိုက်မှု ၁၂၀၀ ကျော်ဖြစ်၊ ၆၇၄ ဦးသေပြီး ၁၇၁၁ ဦး ဒဏ်ရာရ
DVB
·
April 23, 2023
၂၀၂၃ ခုနှစ် သုံးလအတွင်း ယာဥ်တိုက်မှု ၁၂၀၀ ကျော်ဖြစ်၊ ၆၇၄ ဦးသေပြီး ၁၇၁၁ ဦး ဒဏ်ရာရ
Donate to DVB

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ယာဥ်တိုက်မှု ၁၂၆၃ ကြိမ်ဖြစ်ခဲ့ပြီး ၆၇၄ ဦးသေဆုံးကာ ၁၇၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

ယာဥ်တိုက်မှုများမှာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ အများဆုံးဖြစ်ပွားခဲ့ပြီး အရင်နှစ်ထက် ယာဥ်တိုက်မှု နည်းပါတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သုံးလတာ ယာဥ်တိုက်မှု အချုပ်စာရင်းချင်းယှဥ်ရင် အရင်နှစ်ကထက် အမှု သုံးရာကျော်လောက်နည်းသွားတယ်။"

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ဇန်နဝါရီလ မှ မတ်လအတွင်း  ယာဉ်တိုက်ခိုက်မှု ၁၆၄၃ မှုဖြစ်ခဲ့ပြီး ၈၁၈ ယောက်သေဆုံးကာ ၂၁၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အမြန်လမ်းမကြီးတွေမှာ ယာဥ်တိုက်မှု ၄၀ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၃၀ ယောက်၊ ၈၈ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အမြန်လမ်းကြီးတွေမှာ ယာဉ်တိုက်မှု ၄၀ ကြိမ်ဖြစ်ခဲ့ပြီး ၂၃ ဦးသေဆုံးကာ ၄၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013