DVB Logo
Home
မြန်မာသတင်း
ဖားကန့် KTV တွင် ပျော်ပါးနေသည့် စစ်ကောင်စီစစ်ကြောင်းမှူးအပါအဝင် ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
April 23, 2023
ဖားကန့် KTV တွင် ပျော်ပါးနေသည့် စစ်ကောင်စီစစ်ကြောင်းမှူးအပါအဝင် ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV မှာ ရာထူးတိုးအထိမ်းအမှတ် လာရောက်ပျော်ပါးနေတဲ့ စစ်ကောင်စီရဲ့ တပ်မမှူးနဲ့ အပေါင်းပါတွေကို ဧပြီ ၂၃ ရက် ဒီနေ့မနက် ၄ နာရီလောက်မှာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ အရာရှိတဦးအပါအဝင် ၅ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသွား ၅ ယောက်ထဲမှာ  တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၃ ကစစ်ကြောင်းမှူး ဇော်မိုင်းအပါအဝင် စစ်ကြောင်းမှူးရဲ့ချစ်သူ မမီးမီး၊ ရဲဝန်ထမ်းဟောင်း ဦးကိုလတ်ရဲ့ဇနီးနဲ့ လုံးခင်းကျေးရွာက လောပန်းဦးဘတုတ်တို့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့  KTV  ဝန်ထမ်းတဦးက ပြောပါတယ်။

ဒါ့အပြင် အပြင်းအထန် ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပြီး ရဲဝန်ထမ်းဟောင်း ဦးကိုလတ်ကတော့  ပေါင်မှာ ထိမှန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

KTV  ဝန်ထမ်းတဦးက " 777 သုံးလုံးအခန်းမှာ မနက်၄ နာရီလောက်က ဖြစ်သွားတာပါ။ စစ်ကြောင်းမှူးနဲ့ လေးယောက်လောက်ကတော့ အခန်းထဲမှာပဲ ပွဲချင်းပြီး သေသွားတာ။ တခြားဒဏ်ရာ ပြင်းထန်တဲ့သူတွေများတယ်။ ရဲပြုတ်ကိုလတ်မိန်းမလည်း သေသွားတယ်။ ကိုလတ်ကတော့ပေါင်ထိသွားတာ အခုရန်ကုန်ချက်ချင်းဆင်းသွားပြီလို့ ပြောပါတယ်"လို့  ပြောပါတယ်။ 

သေဆုံးသွားတဲ့ စစ်ကြောင်းမှူးဇော်မိုင်းရဲ့ ရာထူးတိုး ဂုဏ်ပြုပွဲပြုလုပ်ခဲ့တာလို့ သိရပြီး ၊ အဲဒီပွဲကို တပ်မမှူး ကိုယ်တိုင်စီစဉ်ပေးတာလို့လည်း အမည်မဖော်လိုသူ လွတ်မြောက်လာတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တပ်မမှူးကတော့ သီးသန့်ခန်းမှာ ပျော်ပါးနေခဲ့တာကြောင့် ဘာမှမဖြစ်ခဲ့ဘူးလို့လည်း အဆိုပါလုပ်ငန်းရှင် ပြောပါတယ်။

"ဒီပွဲက စစ်ကြောင်းမှူးရာထူးတိုးလို့ တပ်မမှူးကိုယ်တိုင် ဂုဏ်ပြုပွဲလုပ်ပေးတာ။ ဒီက လုပ်ငန်းရှင်တွေတော်တော်များများလည်းလာကြတယ်။ အဘတပ်မမှူးကြီးကတော့ တခြားသီးသန့်ခန်းမှာ ဆိုတော့ ဘာမှမဖြစ်ပါဘူး။ စစ်ကြောင်းမှူးတို့ နေတဲ့အခန်းမှာပပြ ဖြစ်သွားတာပါ "လို့ လုပ်ငန်းရှင်က ပြောပါတယ် ။ 

 အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး  ကေအိုင်အေဘက်ကတော့  တစုံတရာထုတ်ပြန်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်ဘက်ကိုလည်း အတည်ပြုချက်ရယူဖို့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး ။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ကလည်း ဖားကန့်မြို့ လုံးခင်းအုပ်စု မှော်စီစာ ကျေးရွာရှိ SKY ဟိုတယ်ရှိ KTV ခန်းမှာ  လာရောက်ပျော်ပါးနေတဲ့ စစ်ကောင်စီအရာရှိတယောက်ကို အခုလို ဖောက်ခွဲပစ်ခတ်ခဲ့လို့ အဆိုပါအရာရှိဟာ KTV အခန်းတွင်းမှာပဲ သေဆုံးခဲ့ပါတယ်။ 

အခုပစ်ခတ်မှုဖြစ်ပွားတဲ့  Happy KTV ရဲ့ ဆိုင်ခွဲဖြစ်တဲ့ မြစ်ကြီးနားမြို့ ရွှေလမ်းမကြီးပေါ်က Happy KTV မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မနက်က ကေအိုင်အေအရာရှိ  ၇ ဦးနဲ့တပ်ဖွဲ့ဝင် ၉ ဦးစုစုပေါင်း ၁၆ ဦးကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013