DVB Logo
Home
မြန်မာသတင်း
မောခီးစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှူးနှင့် တပ်ကြပ်တို့ ဖမ်းဆီးရမိ
DVB
·
March 25, 2022
မောခီးစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှူးနှင့် တပ်ကြပ်တို့ ဖမ်းဆီးရမိ
Donate to DVB

မောခီးစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းမှူးနဲ့ တပ်ကြပ်တယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့  ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ မောခီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂၀၁ နဲ့ DKBA၊ KNDO တပ်တွေပူးပေါင်းပြီး မတ် ၂၁ ရက်က တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

မောခီးစခန်းကို တိုက်ခိုက်သိမ်းယူချိန်မှာအာဏာသိမ်းစစ်ကောင်စီတပ်ဘက်က တယောက် သေဆုံး၊ တယောက်ကို ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများစုကထွက်ပြေးသွားတဲ့အတွက် စခန်းမှာ ကျန်ရစ်ခဲ့တဲ့ လက်နက်အများအပြားကို ကေအန်ယူက သိမ်းဆည်းရမိခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေကို ဒုဗိုလ်မှူးကြီး စောဘူးဖေါရဲ့အစီအစဉ်နဲ့ လိုက်လံဖမ်းဆီးခဲ့ရာမှာ မတ် ၂၂ ရက်မှာ ခမရ ၅၅၅ ရဲ့ စစ်ကြောင်းမှူး စန်းယုနဲ့ တပ်ကြပ် တယောက်ကို ထပ်မံဖမ်းမိခဲ့ပါတယ်။

မောခီးတပ်စခန်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ ၃၂၊ စကခ ၁၃ ရဲ့ လက်အောက်ခံ ခမရ ၅၅၅ တပ်ဖွဲ့တို့ တပ်စွဲနေတာဖြစ်ပြီး KNLA တပ်ရင်း ၂၀၁ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖေါက သိမ်းပိုက်ဖို့ စီစဥ်ဆောင်ရွက်ခဲ့တာလို့ ကေအန်ယူက ပြောပါတယ်။

DKBA တပ်ရင်းမှူး တယောက်နဲ့ လက်တွဲတိုင်ပင်ပြီး ရက်အနည်းအငယ်အတွင်း တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မတ် ၂၁ ရက် တရက်တည်းမှာပဲ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ထဲမှာ တိုက်ပွဲ ၄ နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့တပ်တွေဟာ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေပါတယ်။

မတ် ၂၄ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့နယ် နိုဖိုး  ထီးမူးထာ ကျေးရွာတို့ကို လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီးငယ်တယောက် ထိမှန်သေဆုံးပြီး နောက်ထပ် ပြည်သူ ၃ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့လည်း ကေအန်ယူကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013