DVB Logo
Home
မြန်မာသတင်း
ရန်ကုန်က အထည်ဆိုင်အချို့ ဖောက်ထွင်းခံရ
DVB
·
April 23, 2023
ရန်ကုန်က အထည်ဆိုင်အချို့   ဖောက်ထွင်းခံရ
Donate to DVB

ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ညဘက်လျှပ်စစ်မီးပျက်တဲ့ချိန်ကို ပစ်မှတ်ထားကာ အုပ်စုဖွဲ့ ဖောက်ထွင်းမှုကျူးလွန်တာတွေရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ဧပြီ ၂၀ ရက် မနက် ၄ နာရီ ဝန်းကျင်လောက်က တာမွေမြို့နယ်၊ သီတာလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပြည်တွင်း ဖြစ်ချည်လက်လီလက္ကား ဖြန့်ချိရေးဆိုင်တဆိုင် ဖောက်ထွင်းခံရပြီး ကျပ် သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ ချည်ထည်မျိုးစုံပါဝင်တဲ့အထည် ၅၀၀ ကျော်လောက် ပါသွားခဲ့ပါတယ်။ 

ဆိုင်ရှင်အမျိုးသမီးက “ပုံမှန်ဆိုရင်တော့ ဆိုင်မှာ လူရှိတယ်၊ အဲ့နေ့က အစောင့်လည်း မရှိဘူး။ ပြီးတော့ ဆိုင်ပြောင်းဖို့ ပစ္စည်းတွေကို အကုန်ထုပ်ပြီး ထားခဲ့လိုက်တာ။ မနက် ၄ နာရီခွဲ ဝန်းကျင် မှာ ယူသွားတယ်။ မီးတွေကလည်း ပျက်နေတော့ CCTV တွေလည်း ပြန်ကြည့်လို့မရဘူး၊ အနောက်လမ်းကြားထဲကနေ ဝင်ခိုးသွားတာ။ လူ ၆ ယောက်ပါတယ်။ ကားနဲ့ လာခိုးသွားတာ၊ ကျမတို့လမ်းထဲက ပါတိတ်ဆိုင်တွေကိုလည်း လွန်ခဲ့တဲ့ နှစ်ပတ်က ဖောက်ထွင်းဖို့ ကြိုးစားတာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။ 

ဧပြီ ၂၁ ရက် ညပိုင်းမှာလည်း တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းထဲမှာ ဖွင့်ထားတဲ့ အထည်ဆိုင်ရဲ့ တံခါးနှစ် ဆင့်လုံးကို ချိုးဖောက်ပြီး ကာလတန်ဖိုး မြန်မာငွေ သိန်း ၃၀၀ ဝန်းကျင်ရှိ အထည်ရေ ၄၀၀၀ ကျော် ဖောက်ထွင်းခံခဲ့ရတယ်လို့ သိရပါတယ်။ 

တာမွေမြို့နယ်က ဆိုင်ဖောက် ထွင်းခံခဲ့ရသူ အမျိုးသမီးက “ချည်ထိုးတီရှပ် ဒီဇိုင်းအစုံရယ်၊ အင်ဗာတာ၊ ဘထ္တရီအိုးပါ အကုန်ခိုးသွားတာ။ ပြန်အမ်းဖို့ထားထားတဲ့အကြွေေတွေ၊ CCTV record စက်နဲ့ အဝတ်ချင်းတွေရော အကုန် ခိုးသွားတယ်။ သူခိုးက အုပ်စုလိုက်လာတာဖြစ်လို့ တခြားဆိုင်ပိုင်ရှင်တွေအနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျထားကြပါ” လို့ ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားမှာ အုပ်စုဖွဲ့လုယက်မှုတွေ ၊ ဓားပြတိုက်မှုတွေ ၊ အွန်လိုင်း ကနေတဆင့် ငွေကြေးလိမ်လည်မှုစတဲ့ ဒုစရိုက်မှုမျိုးစုံ ရှိနေပေမယ့်  အရေးယူ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013