DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ပုဂ္ဂလိက မော်တော် ၆ စီးကို စစ်ကောင်စီတပ်ကဖမ်းဆီး ဆီထုတ်ယူ ရောင်းစား
DVB
·
April 23, 2023
ချင်းတွင်းမြစ်အတွင်း ပုဂ္ဂလိက မော်တော် ၆ စီးကို စစ်ကောင်စီတပ်ကဖမ်းဆီး ဆီထုတ်ယူ ရောင်းစား
Donate to DVB

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းက ပုဂ္ဂလိက ဒီဇယ်တင် မော်တော် ၆ စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဧပြီ ၂၂ ရက် မနက်ခင်းက ဆီထုတ်ယူရောင်းစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမော်တော်တွေကို ဧပြီ ၁၁ ရက်က မင်းကင်းမြို့က စစ်ကောင်စီတပ်က ဖမ်းဆီး ထားတာဖြစ်ပါတယ်။

မျက်မြင် မင်းကင်းမြို့ခံက “ဒီနေ့ မနက်ခင်း ဖမ်းထားတဲ့ ဖလပ်မော်တွေထဲကနေ ပီပါအလုံး ၈၀ ထုတ်ပြီး မင်းကင်းမြို့ပေါ်မှာ ကားနဲ့ လိုက်ရောင်းနေတာ တွေ့ရတယ်။ ဒီဇယ်တစ်‌ပီပါကို ၆ သိန်းဈေးနဲ့ ရောင်းချနေတယ်”လို့ ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်းမှာ စစ်ကောင်စီဘက်က မုံရွာကနေစတင်ထွက်ခွာလာချိန်ကစလို ကနီမြို့ စစ်ဆေးရေးဂိတ်တစ်ခု မင်းကင်းမြို့နယ်ဘိုင်ကျေးရွာအနီမှာတစ်ဂိတ်၊ တောင်ဖြူရွာ၊ ပန်းဆက်ရွာ၊ မောက္ကာတော်ရွာနဲ့ မင်းကင်းအထက်ဘက် တောင်ယာတောဂိတ်ဆိုပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်ကာ အခုလို တောင်းခံနေတာကြောင့် ဈေးရောင်း၊ ဈေးဝယ် လုပ်ကိုင်နေတဲ့မော်တော် အများစုဟာ အစုန်၊အဆန်မလုပ်ရဲ‌ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013