DVB Logo
Home
မြန်မာသတင်း
မဲကနယ်ကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ပြီး မြေပြင်က စစ်ကြောင်းထိုးနေ
DVB
·
April 22, 2023
မဲကနယ်ကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ပြီး မြေပြင်က စစ်ကြောင်းထိုးနေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်ဘက် မဲကနယ်ကျေးရွာအနီးတဝိုက်ကို ဧပြီ ၂၂ ရက် ဒီမနက်အစောပိုင်း  ၁ နာရီက စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ကြိုးစားနေတယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေဟာ မနေ့မနက်ပိုင်းကစပြီး ထို့ကော်ကိုးလမ်းကနေ ကား ၁၀ စီး၊ ဘားအံ-ကော့ကရိတ်လမ်းအတိုင်း ကားအစီး ၃၀ နဲ့ မြဝတီမြို့နယ်ကို ဝင်ရောက်လာခဲ့ပြီးနောက် လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မဲကနယ်ကျေးရွာအနီးတဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်ဖို့ကြိုးစားနေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေမှာ  ဒေသခံတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။

စစ်ကောင်စီပူးပေါင်းတပ်တွေဟာ နယ်မြေလုံခြုံရေးရယူထားတဲ့ ကော်ဘရာစစ်ကြောင်းတွေရှိရာကို စစ်ကြောင်းထိုးဖို့ မဲကနယ်ကျေးရွာကို ညပိုင်းတည်းကဝင်ရောက်လာတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံကျေးရွာသားတဦးက”ညက ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတယ်။ အရင်တခေါက်က အထိနာပြီး ပြန်ဆုတ်သွားတယ်။ အခုက အင်းအားများတယ်၊၊ ကော်ဘရာစစ်ကြောင်းတွေရှိတဲ့ဘက်ကို တက်ရင် တိုက်ပွဲဖြစ်ဖို့က သေချာတယ်”လို့ ပြောပါတယ်။

ဧပြီ ၉ ရက်ကစတင်ပြီး မဲကနယ်ကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာအပြင်  နယ်ခြေားစောင့်တပ်(BGF)ပူးပေါင်းအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ်အလုံး ၆၀ အထိရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့အပြင်ဘက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ မသန်စွမ်း သက်ကြီးရွယ်အိုတွေ၊ မီးဖွားခါနီးကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မီးဖွားပြီးစမိခင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဆေးဝါးလိုအပ်ချက်တွေရှိနေတဲ့အပြင် နေထိုင်စားသောက်ရေးမှာ ကူညီလှူဒါန်းသူတွေမရှိတဲ့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013