DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
April 21, 2023
ရေစကြိုနှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

ရေစကြိုမြို့အထွက် ရေစကြိုနဲ့ ပေကုန်းကြား ရဲစခန်းနားက ဘက်စုံကွေ့နားမှာ  ဧပြီ ၂၀ ရက် မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ထဲက ထွက်လာတဲ့ ၁၂ ဘီးကား ၁ စီးကို ၆ လုံးတွဲမိုင်းနဲ့ အတွဲလိုက် ဖော က်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကိုလည်း ဧပြီ ၁၆ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်လောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အလားတူ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ မြကန်သာကျေးရွာမှာ ရှိတဲ့ ကျေးရွာဈေးကနေ ဈေးဝယ်ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကားကို ဧပြီ ၂၀ ရက် ဒီနေ့မနက် ၈ နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကားဟာ ဈေးဝယ်ပြန်လာစဉ် နောက်ကနေ လိုက်ထရပ်ယာဉ်တစီးပေါ်မှ သင်္ကန်းတွေဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အခင်းဖြစ်နေရာမှာ ရောက်ရှိနေတဲ့ ကျေးရွာဒေသခံက “စစ်ကားကို နောက်ကလိုက်လာတဲ့ လိုက်ထရပ်ကားပေါ်ကနေ သေနတ်တွေနဲ့ပစ်သွားတာ။ လိုက်ထရပ်ပေါ်မှာတော့ သင်္ကန်းဝတ်ထားတဲ့ လူ ၁၀ ယောက်လောက်တော့ ပါတယ်။ ဘယ်အဖွဲ့ကပစ်တာလဲတော့ မသိသေးဘူး။ စစ်သားတယောက်သေသွားပြီး တယောက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကားကို ပစ်ခတ်သွားတဲ့ လိုက်ထရပ်ယာဉ်ဟာ မတ္တရာမြို့ဘက်ကို မောင်းနှင်သွားပြီး အဲဒီပစ်ခတ်မှုကြောင့် စစ်ကားပေါ်ပါလာသူ စစ်ကောင်စီတပ်သားတဦး သေဆုံးပြီး တဦးကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာပြီး လမ်းတွေကို ပိတ်ဆို့စစ်ဆေး ရှာ‌ဖွေနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013