DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်မင်းရာဇာကို ထောင်ဒဏ် နှစ် ၂၀ ထပ်မံ အမိန့်ချ
DVB
·
April 20, 2023
သရုပ်ဆောင်မင်းရာဇာကို ထောင်ဒဏ် နှစ် ၂၀ ထပ်မံ အမိန့်ချ
Donate to DVB

သရုပ်ဆောင်မင်းရာဇာကို ၂၀၂၃ ဧပြီ ၂၀ ရက်က သင်္ဃန်းကျွန်းခရိုင်တရားရုံးကနေ ကလေးသူငယ်အပေါ်ပြုကျင့်တဲ့ မုဒိမ်းမှု ပုဒ်မ ၃၇၆(၁) နဲ့ ပြစ်မှုထင်ရှားတဲ့အတွက်ကြောင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တယ်လို့ တရားလိုရှေ့နေက အတည်ပြု ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက အိမ်ကူမိန်းကလေးကို  လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခဲ့မှုနဲ့  သရုပ်ဆောင်မင်းရာဇာကို ထောင်ဒဏ် ထပ်မံချမှတ်လိုက်တာဖြစ်ပါတယ်။

နစ်နာသူမိန်းကလေးက အခင်းဖြစ်ပွားချိန်မှာ အသက် ၁၄ နှစ်နဲ့ ၁၀ လ ရှိနေတဲ့အတွက် သက်ငယ်မုဒိမ်းမှု ၃၇၆(၃) နဲ့ အမှုဖွင့်မရခဲ့ပေမဲ့ ကလေးသူငယ်တွေအပေါ် ပြုကျင့်တဲ့ မုဒိမ်းမှု ၃၇၆(၁) နဲ့ အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ တရားလိုရှေ့နေ ဒေါ်သဇင်အေးက ပြောပါတယ်။

“စွဲချက်တင်ခဲ့တဲ့အတိုင်းပဲ ၃၇၆(၁)နဲ့ချတာ နှစ် ၂၀ ကအမြင့်ဆုံးပြစ်ဒဏ်ပါပဲ၊ သက်ငယ်မုဒိမ်း ၃၇၆(၃) ဆိုရင် လည်း အမြင့်ဆုံးက တသက်တကျွန်းပါပဲ။ တသက်တကျွန်းက ထောင်ဒဏ် နှစ် ၂၀ နဲ့ အတူတူပဲဖြစ်လို့ ထောင်ဒဏ်က အတူတူပါပဲ။ ဒီချိန်မှာ သင့်တော်တဲ့အမိန့်တရပ်ကို တရားသူကြီးက ချမှတ်လိုက်တယ်လို့ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ထဲမှာ တချို့ပြစ်မှုတွေကို ပိတ်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ မင်းရာဇာအမှုကိုတော့ စစ်ဆေးသင့်တယ်လို့ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ အမျိုးသမီးအဖွဲ့က တောင်းဆိုတဲ့အတွက် ဆက်လက်စစ်ဆေးပြီး အခုလို ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာတော့ အိမ်ကူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာနဲ့ သူ့အမျိုးသမီး ဖူးပွင့်ငုံ၊ ယောက္ခမနဲ့ မန်နေဂျာ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို အမှုဖြစ်ပြီး ၃ နှစ်အကြာ မြောက်ဥက္ကလာပ မြို့နယ်တရားရုံးကနေ ပြင်းထန်စွာ နာကျင်စေမှု ပုဒ်မ ၃၂၆/၃၄ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013