DVB Logo
Home
မြန်မာသတင်း
မဝရေစာစားနေရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး KNLA ထံ အလင်းဝင်
DVB
·
April 20, 2023
မဝရေစာစားနေရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး KNLA ထံ အလင်းဝင်
Donate to DVB

စစ်ကောင်စီတပ်တွင်း ထိပ်ပိုင်းခေါင်းဆောင်တွေ ကြွယ်ဝချမ်းသာ ဝဝလင်လင် စားနေရချိန်မှာ အောက်လက်ငယ်သား သာမန်စစ်သည်တွေကတော့ မဝရေစာ နေ့စဉ်စားသုံးနေရတဲ့အပေါ် ဆက်လက်ခံနိုင်စွမ်းမရှိတော့လို့ ခမရ ၃၄၁ စစ်ကောင်စီတပ်က တပ်သား ၄ ယောက်ဟာ  KNLA အမှတ် ၅ တပ်မဟာထံ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကေအန်ယူ-မူတြော်သတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၁၀ ရက် မနက် ၉ နာရီခွဲလောက်မှာ ခမရ ၃၄၁ က စစ်ကောင်စီတပ်သား မောင်တိုးတိုး (၂၈ နှစ်)၊ အောင်ပိုင်ဖြိုး (၂၃ နှစ်)၊ ရဲထက်ကျော် (၂၁ နှစ်) နဲ့ ချိုလွင်ဦး (အသက် ၃၀) တို့ဟာ ရှေ့တန်း လယ်တိုးစခန်းကနေ MA-1 ၄ လက်၊ ကျည်ဆန်အပြည့်ပါ ကျည်ဘောက် ၁၆ ချပ်၊ လက်ပစ်ဗုံး ၂ လုံးနဲ့ ခွင်းဗုံး ၅ လုံး ယူဆောင်လာကာ လက်နက်ချ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

ရှေ့တန်းစခန်းမှာ တပ်ကအရာရှိ အထက်ခေါင်းဆောင်တွေရဲ့ နိုင်ထက်စီးနင်း ဆက်ဆံခံခဲ့ရကြောင်းနဲ့ အလင်းဝင်ပြီးနောက် KNLA တပ်ဖွဲ့ဝင်တွေနဲ့ အတူလက်တွဲကာ အကြမ်းဖက်စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်သွားဖို့ ဆန္ဒရှိကြောင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောတယ်လို့  ကေအန်ယူသတင်းမှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ဖွဲ့တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထံ လတိုင်းနီးပါး လက်နက်ချ အလင်းဝင်ရောက်နေကြပြီး အလင်းဝင်လာသူတွေကို နွေးထွေးပျူငှာစွာ လက်ခံစောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

ကေအန်ယူနယ်မြေတွေမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေကနေ ဒီနေ့အချိန်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013