DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတွင် အပူအချိန်အမြင့်ဆုံးမြို့များအဖြစ် ချောက်နှင့် ညောင်ဦးမြို့ ထိပ်ဆုံးရောက်
DVB
·
April 20, 2023
ကမ္ဘာတွင် အပူအချိန်အမြင့်ဆုံးမြို့များအဖြစ် ချောက်နှင့် ညောင်ဦးမြို့ ထိပ်ဆုံးရောက်
Donate to DVB

အာဖရိကတိုက်ကမြို့တွေကိုကျော်ပြီး မြန်မာနိုင်ငံက ချောက်နဲ့ ညောင်ဦးမြို့တို့ဟာ မနေ့ ဧပြီ ၁၉ ရက်က ကမ္ဘာမှာ အပူချိန်အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Eldorado weather မိုးလေဝသဌာနကက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမြင့်ဆုံးအပူချိန်တွေကို ဖော်ပြထားရာမှာ ချောက်မြို့က ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ ပထမ၊ ညောင်ဦးမြို့က ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ တတိယနေရာ ရောက်ခဲ့ပါတယ်။

ဒုတိယနေရာမှာ‌တော့ အနောက်အာဖရိက နိုင်ဂျာနိုင်ငံ၊ အန်ဂွီမီမြို့က ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ ရှိနေပြီး နိုင်ဂျာနိုင်ငံ မန်နီဆိုရိုအာမြို့က ၄၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။

မြန်မာနိုင်ငံက မုံရွာမြို့ဟာလည်း ၄၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်နဲ့ ၁၅ ခုမြောက် အပူဆုံးမြို့အဖြစ် ဖော်ပြခံထားရပါတယ်။

Eldorado weather ဝက်ဘ်ဆိုက်မှာ အပူဆုံး ၁၅ မြို့ကို ဖော်ပြထားပြီး ဒီထဲမှာ အာဖရိကတိုက်က ၆ မြို့၊ အိန္ဒိယနိုင်ငံက ၆ မြို့၊ မြန်မာနိုင်ငံက ၃ မြို့ ပါဝင်ပါတယ်။

တခြား မိုးလေဝသ တိုင်းတာခန့်မှန်းတဲ့ ဝက်ဘ်ဆိုက်တွေမှာလည်း မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဗောဒီးယားနိုင်ငံတို့ဟာ အပူဆုံးဇုန်ထဲကို ရောက်နေတယ်လို့ ဖော်ပြထားကြပါတယ်။

မြန်မာနိုင်ငံက မြို့တော်တော်များများမှာ ပုံမှန်ထက် သိသိသာသာ ပိုပူနေတယ်လို့ ဒေသခံတွေက ပြောကြပြီး တမူးမြို့မှာ ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ၄၃ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၀၁၄ က အပူချိန်စံချိန်ကိုချိုးပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေအရလည်း မြန်မာနိုင်ငံက မြို့ကြီးတွေမှာ အပူချိန်တွေ တရက်ထက်တရက် တိုးလာနေတာကို တွေ့ရပါတယ်။

နေ့အပူချိန်တွေမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၆ ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိရှိပါတယ်။

နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး ရန်ကုန်တိုင်းမှာတော့ ဧပြီလရဲ့ ပျမ်းမျှအပူချိန်လောက်ပဲ ရှိခဲ့တယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ ကလေးဝမြို့၊ တမူးမြို့၊ မင်းကင်းမြို့၊ မုံရွာမြို့၊ မြင်းမူမြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ဘော်လခဲမြို့နဲ့ ဖားဆောင်းမြို့တို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်ဆီ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013