DVB Logo
Home
မြန်မာသတင်း
“Walk for Peace” ခရီးတွင် ပါဝင်ခဲ့သည့် ဆရာတော်အရှင်သီလနန္ဒာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တွေ့ဆုံဂါရဝပြု (ဓာတ်ပုံ)
သုတချမ်းသာ
·
May 13, 2026
“Walk for Peace” ခရီးတွင် ပါဝင်ခဲ့သည့် ဆရာတော်အရှင်သီလနန္ဒာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တွေ့ဆုံဂါရဝပြု (ဓာတ်ပုံ)
1 / 13
Donate to DVB

ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်ကြွချီတဲ့ “Walk for Peace” ခရီးမှာ ပါဝင်ခဲ့တဲ့ တက္ကဆက်ပြည်နယ်က မြန်မာဆရာတော် အရှင်သီလနန္ဒာကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးမှာ တွေ့ဆုံ ဂါရဝပြုခဲ့ပါတယ်။

ဒေသစံတော်ချိန် မေ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ ဂါရဝပြုပွဲကို မြေဇင်းတောရဆရာတော် ဦးပရမနဲ့ ဗာဂျီးနီးယားပြည်နယ်က ဆရာတော် ဦးကုမုဒတို့လည်း တက်ရောက်ခဲ့ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ဗုဒ္ဓနေ့ အခမ်းအနားကို Walk for Peace ဆရာတော်တွေ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးမှာ ဆရာတော်တွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ဂါရဝပြုမှုကို ဆက်လက်ခံယူခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းသာယာစေဖို့ ဆရာတော်တွေက ဆုတောင်းပေးခဲ့ကြပါတယ်။

သုတချမ်းသာ

Photo: Sethu Win

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013