DVB Logo
Home
မြန်မာသတင်း
ပဇီကြီးရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးပြီး ဝင်ရောက်တပ်စွဲ
DVB
·
April 20, 2023
ပဇီကြီးရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးပြီး ဝင်ရောက်တပ်စွဲ
Donate to DVB

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊  ကန့်ဘလူမြို့နယ်၊  ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၉ ရက် မနေ့ညနေပိုင်းမှာ ဝင်ရောက်တပ်စွဲထားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်အား ၂၀၀ ကျော်နဲ့  စစ်ကြောင်းထိုးကာ စတင် ဧပြီ ၁၈ ရက်က မန္တလေးတိုင်းဘက်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မလည်တိုက်နယ်ရွာကိုဝင်ရောက်လာပြီး မနေ့က ပဇီကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေကပြောပါတယ်။

ပဇီကြီးရွာသားတစ်ဦးက “ဘာရည်ရွယ်ချက်နဲ့ ကျနော်တို့ပဇီကြီးရွာကို စကစဘက်က ဝင်ရောက် တပ်စွဲရတာလဲဆိုတော့ သူတို့ကျူးလွန်ထားတဲ့ ပြစ်ချက်တွေကို သတင်းအမှောင်ချမရတော့ သတင်းအမှားထုတ်ဖို့ လာရောက်တာပဲ။ သူတို့ခေါ်လာတဲ့ ပျူတွေကို ဒါက စစ်တပ်ကလုပ်တာ မဟုတ်ပါဘူး။ PDFတွေက လုပ်တာပါ။ ဘာဖြစ်တယ် ၊ ညာဖြစ်တယ် လိမ်ညာသတင်းအမှား ထုတ်ဖို့ရာပဲဗျ။ ဒါကြီးကသိသာနေတာပဲ။ ကျနော်တို့ ရွာသားတွေကတော့ လေယာဉ်နဲ့ပစ်ပြီး  အ‌ဖေ၊ အမေ၊ ညီအစ်ကို၊ မောင်နှအမျိုးတွေ သေဆုံးပြီးကတည်းက ရွာထဲပြန်မဝင်ဘဲ ဘေးလွတ်ရာ အကုန်ထွက်နေကြတာဆိုတော့ သူတို့နဲ့ အင်တာဗျူးလုပ်တဲ့သူတွေ ကျနော်တို့ တို့ရွာသားတစ်ယောက်မှ မဟုတ်ဘူးလို့ ကျနော်ကြိုတင်ပြောထားပါရစေဗျ”လို့ ပြောပါတယ်။

စစ်ကောင်စီက အခုလို ရွာအတွင်းဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံရွာသားတွေဟာ တိမ်းရှောင်နေရပြီး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း စစ်ကြောင်းရှောင်လာတဲ့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“အရင်ကတော့ ရွာထဲပြန်ဝင်ချင်စိတ်ရှိပေမဲ့ ကိုယ့်ရွာရဲ့ဘေးက တော၊ တောင်တွေက သစ်ပင်ကြီး တွေအောက်မှာ နေရတယ်။ အခုသူတို့လာတော့ ထပ်ပြီးနောက်တနေရာ  ထပ်ရှောင်ရတယ်လေ။ ဒုက္ခကတော့မသေးဘူး။ အခုက နွေရာသီဆိုတော့ သွားရေးလာရေးမှာ အဆင်မပြေဘူး။‌ အစားအသောက်အပြင်၊ သောက်သုံးရေလည်း အရမ်းခက်ခဲတယ်ရှင့်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကတော့ ဒီပုံစံအတိုင်းသာ ကြာကြာရှည်ရှည်ဖြစ်‌နေဦးမယ်ဆိုရင်တော့ ကျမတို့ ဒေသခံတွေ ဘဝတွေက မတွေးဝံ့စရာပဲ။ နောက်ပြီး သူတို့လေကြောင်းကနေပစ်လို့ ဒဏ်ရာရရှိ ထားတဲ့သူတွေလည်း ရွှေ့ပြောင်းတာတွေလည်း လုပ်နေရတယ်။ ကုသဖို့ဆေးဝါးတွေလည်း လိုအပ်နေတယ်” ပဇီကြီးကျေးရွာအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဧပြီ ၁၁ ရက်နေ့က ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၇၀ လောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်ရှိ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ ဝင်ရောက် တပ်စွဲနေသလို  စပါးနံသာရွာမှာလည်း စစ်ကျောင်းထိုးနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အခုလိုစစ်ကြောင်းထိုးနေတာကြောင့်  စပါးနံသာကျေးရွာအနီးက ကျေးရွာ ၇ ရွာက ရွာသားတွေဟာလည်း  ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013