DVB Logo
Home
မြန်မာသတင်း
သဲကုန်းမြို့နယ်တွင် နယ်ထိန်းရဲ ၁ ဦး အသတ်ခံရ၊ ပေါက်ခေါင်းမြို့နယ်၌ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
DVB
·
April 20, 2023
သဲကုန်းမြို့နယ်တွင် နယ်ထိန်းရဲ ၁ ဦး အသတ်ခံရ၊ ပေါက်ခေါင်းမြို့နယ်၌ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
Donate to DVB

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ​​​​ဗြဟ္မာ့အင်းကျေးရွာအုပ်စုမှာ တာဝန်ကျတဲ့ နယ်ထိန်းရဲတပ်သား ကိုဇေယျာအောင် (၂၇နှစ်) ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် TPDF တပ်ခွဲ-၄ မြို့ပြပြောက်ကျားအဖွဲ့က ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲမှာ ကွင်းကြီးကျေးရွာအနီး တောစပ်တနေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်ပကဖ တပ်ခွဲမှူး ဗိုလ်ဆူးထက်က ပြောပါတယ်။

နယ်ထိန်းရဲတပ်သား ကိုဇေယျာအောင်ဟာ နယ်ပိုင်ကျေးရွာအုပ်စုအတွင်းမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေကို ဆက်ကြေးကောက်ခံတာ၊ အုပ်စုအတွင်းရှိ တောင်သူတွေထံက စိုက်ဘဏ်ချေးငွေ၊ သမဝါယမချေးငွေတွေကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတင်းအ​ကျပ် တောင်းခံပေးတာတွေလုပ်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သစ်မှောင်ခိုလုပ်ကိုင်သူတွေထံမှ ငွေကြေးကောက်ခံပြီး တရားမဝင် ခွင့်ပြုလုပ်ကိုင်စေတာ၊ ကျေးရွာအုပ်စုအတွင်းရှိ စကစထောက်ခံသူတွေနဲ့ ပူးပေါင်းပြီး ပျူစောထီးအဖွဲ့ကို ကိုယ်တိုင်ဦးဆောင်စည်းရုံးဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတာ၊ စစ်ကောင်စီအလိုကျ ဆောင်ရွက်လုပ်ကိုင်ပေးနေတာတွေရှိနေတဲ့အကြောင်း ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ အခုလို သုတ်သင်ရှင်းလင်းလိုက်တာလို့ ပြည်ခရိုင် ပကဖတပ်ခွဲမှူး ဗိုလ်ဆူးထက်က ပြောပါတယ်။

“ကျနော်တို့ ထပ်မံစိစစ်ရာ မှန်ကန်တဲ့အတွက် သူလာတဲ့လမ်းကြောင်းမှာ စောင့်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာ၊ နေရာတင် ပွဲချင်းပြီးသေဆုံးသွားပါ​တယ်။ သူ့ကို အရှင်ဖမ်းပြီး သူ့ဆီက သဲကုန်းမြို့နယ်အတွင်း စစ်ကောင်စီလုပ်ဆောင်နေတဲ့ လျှို့ဝှက်လုပ်ငန်းတွေကို စစ်ဆေးမေးမြန်းဖို့ လက်နက်ချခိုင်းပေမဲ့ သူက အသင့်ပါလာတဲ့ G3 သေနတ်နဲ့ စပြီး ပစ်ခတ်တဲ့အတွက် ကျနော်တို့က လက်ဦးမှုရယူပြီး ဆီးစပ်ကိုတချက်၊ နားထင်တချက်၊ ရင်ညွန့်တချက် စုစုပေါင်း ကျည် ၃ တောင့်နဲ့ ၃ ချက် ​ပစ်ခတ်ရှင်းလင်းလိုက်တယ်။”

နယ်ထိန်း ကိုဇေယျာအောင်ထံကနေ G3 ​သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၉ တောင့်၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ လက်ထိပ်ကွင်း ၁ ခု၊ ဘေးလွယ်အိတ် ၁ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာလည်း ဖန်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ကို ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ဟာ ကျေးရွာသားတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသူဖြစ်ပြီး သဖန်းကိုင်းရွာနဲ့ ကြိုပင်ဝိုင်းရွာကြား လမ်းမပေါ်မှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့) က သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပဲခူး PDF က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ရဲ့ သားဖြစ်သူဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တဦးဖြစ်ပြီး ကျေးရွာသားတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျရုံတင်မကဘဲ သူ့ရဲ့အိမ်မှာ အရက်ဆိုင်ဖွင့်ထားသူလို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ကို အပတ်စဉ် စားဝိုင်းသောက်ဝိုင်းတွေ ပြုလုပ်ကာ ကျွေးမွေးဧည့်ခံနေသူတဦးလည်းဖြစ်သလို သမချေးငွေ၊ စိုက်ပျိုးရေးချေးငွေတွေနဲ့ လောင်းကစားဒိုင်တွေက ဆက်ကြေးကို ကိုယ်တိုင် အတင်းအဓ္မကောက်ခံပြီး စစ်ကောင်စီထံ ပေးနေသူလည်းဖြစ်တယ်လို့ ပဲခူး PDF က ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာအုပ်စုအတွင်းရှိ လူငယ်လူရွယ်တချို့ကို စစ်တပ်ထဲဝင်ဖို့ စည်းရုံးနေသူလည်း ဖြစ်ပါတယ်။

ရဲနဲ့ စစ်သားတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့နဲ့ ဌာနဆိုင်ရာ လူကြီးတွေလည်း မိမိတို့ဌာန လုပ်ငန်းအဆင်ပြေရေးကို ဦးစားပေးပြီး ပြည်သူကို ငဲ့ညှာမှုမပြုဘဲ စစ်ကောင်စီအလိုကျ ဝင်ငွေရရှိအောင် ထောက်ပံ့ဆောင်ရွက်ပေးတာ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေအနေနဲ့ လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့၊ ပြည်သူတွေအနေနဲ့လည်း အဲဒီလူတွေအနီး နေထိုင်သွားလာ ဆက်ဆံတာတွေ မပြုလုပ်ဖို့ ထပ်မံသတိပေးထားပါတယ်။

အခုလို တားမြစ်နေတဲ့ကြားက အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်တာ၊ မိမိကိုယ်ကျိုးစီးပွားအတွက်သာကြည့်ပြီး ပြည်သူလူထုကို ဖိနှိပ်ဖို့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေတဲ့ မည်သူ့ကိုမဆို ရှင်းလင်းသုတ်သင်သွားမှာဖြစ်ကြောင်း PDF တွေကအသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013