DVB Logo
Home
မြန်မာသတင်း
ရေးမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ၊ သံဖြူဇရပ်မြို့နယ်၌ လူငယ် ၂ ဦးကို ဖမ်းဆီးပြီးနောက် စစ်တပ်က ပစ်သတ်
DVB
·
April 19, 2023
ရေးမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ၊ သံဖြူဇရပ်မြို့နယ်၌ လူငယ် ၂ ဦးကို ဖမ်းဆီးပြီးနောက် စစ်တပ်က ပစ်သတ်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းကို ဧပြီ ၁၇ ရက် မနက် ၈ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

ရဲစခန်းကို ပစ်ခတ်ခံရအပြီး ရဲစခန်းဘက်က လမ်းတချို့ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ခဲ့သလို ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ မြို့ခံက ပြောပါတယ်။

ရေးမြို့မရဲစခန်းကို ၄၀ မမနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။

ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးသတ်မှတ်ထားပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်နေသလို လုံခြုံရေးလည်း တင်းကျပ်ခံထားရပါတယ်။

လက်ရှိမှာ ရေးဘီလူးထိန်းချုပ်နယ်မြေဘက်ဖြစ်တဲ့ ကျုံလောင်းရွာဟောင်းဘက်မှာ ဒေသခံတွေ ရွာမှာမနေရဲကြဘဲ စစ်ကောင်စီဘက်ကလည်း ကင်းပုန်းတွေ နေရာယူထားသလို PDF တွေဘက်ကလည်း စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။

ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းတက်လာလို့ ရေးဘီလူးအဖွဲ့သားတွေက ဧပြီ ၁၈ ရက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။

ကျုံလောင်းရွာဟောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုလည်း ဝင်ရောက်ပြီး ရုံးသုံးစာရွက်စာတမ်းတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့သလို ဒီနယ်မြေမှာ စစ်ကောင်စီတပ်တွေ နယ်မြေစိုးမိုးမှုမရအောင် ရေးဘီလူးဘက်က ဒီနယ်မြေကို ဆက်ပြီးထိန်းချုပ်ထားမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာတော့ ပငကျေးရွာကားလမ်းမပေါ်မှာ ဧပြီ ၁၇ ရက်က  စစ်ကောင်စီတပ်က PDF ၂ ယောက်ကို ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိပြီးနောက် ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က ပငကျေးရွာကို မစ်ရှင်သွားရင်း မတော်တဆ ဆိုင်ကယ်ထဲကဗုံး ထကွဲသွားလို့ ဒဏ်ရာအနည်းငယ်ရပြီး အဖမ်းခံထိသွားရာမှာ အခုတော့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိဘဲ အခင်းဖြစ်နေရာကို ပငကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးစီး ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့ပါတယ်။

ဝိုင်းဝန်းရှာဖွေရာမှာ KNU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013