DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံရ
DVB
·
April 19, 2023
အယုဒ္ဓယတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်ထဲမှာ ဒီကနေ့ ဧပြီ ၁၉ ရက် မနက် ၉ နာရီက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၃ ဦး အဖမ်းခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းအရ သိရပါတယ်။

အယုဒ္ဓယခရိုင် အဝေးပြေးလမ်း ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက်က ဖဟွန်ယိုးထင်း လမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် ကီလိုမီတာအမှတ် ၄၇-၄၈ ကြားမှာ ဘန်ပအင်မြို့နယ်ဘက်ကနေ လေးလံတဲ့အရာတွေတင်ဆောင်ပြီး ဘန်ကောက်ဘက်ကို ဦးတည်မောင်းနှင်နေတဲ့ မသင်္ကာဘွယ်ကား ၂ စီးကို တားဆီးစစ်ဆေးခဲ့ပါတယ်။

ပထမကားမှာ အနက်ရောင် တိုယိုတာဝီဂို့ အမျိုးအစားဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ရှိ နိုင်းဆီဖတ်ဆိုသူ ထိုင်းအမျိုးသား မောင်းနှင်လာကြောင်း၊ ကားပေါ်မှာတော့ ပြွတ်သိပ်နေအောင် စီးနင်းလိုက်ပါလာတဲ့ တရားမဝင် မြန်မာလုပ်သား ၁၁ ဦးကို စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ  နိုင်းဝပ်ချရဖုန်း (၄၁ နှစ်) မောင်းနှင်လာတဲ့  မီးခိုးရောင် အီဇူးစူးကား ၁ စီး ပေါ်ကနေ တရားမဝင် မြန်မာ ၁၂ ဦးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

ကား ၂ စီးပေါ်ကနေ အထောက်အထားမဲ့ မြန်မာအမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ယာဉ်မောင်းတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ တသုတ်တည်းဖြစ်ပြီး ၁ ဦးကို ကားခ ဘတ် ၁,၀၀၀ နှုန်းနဲ့ ပထုန်ဌာနီခရိုင်ကို ပို့ပေးဖို့ တာ့ခ်ခရိုင်ကနေ ဒီနေ့မနက် ၃ နာရီက ထွက်ခွာလာတာလို့ ဆိုပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမား ၁ ဦးကတော့ သူဟာ အရင်က ထိုင်းနိုင်ငံ ခေါက်ဆွဲစက်ရုံမှာ ၅ နှစ်ကျော် လုပ်ခဲ့ဖူးပြီး မြန်မာပြည်ပြန်သွားကြောင်း၊ ဟိုမှာအလုပ်မဖြစ်လို့ နောက်ထပ် သူငယ်ချင်း ၅ ယောက် ထပ်ခေါ်လာကြောင်း၊ ပွဲစားခ ၁ ဦးကို ဘတ် ၁၀,၀၀၀  ကနေ ၂၀,၀၀၀ ထိ ပေးရမှာဖြစ်ပြီး အဲဒီငွေတွေကို အလုပ်လုပ်ပြီး ပြန်ဆပ်ရမှာလို့ ပြောပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၂၃ ဦးနဲ့ ထိုင်းယာဉ်မောင်း ၂ ဦးတို့ကို လဝကဥပဒေနဲ့ အရေးယူဖို့ ဖရအင်းရားချားနယ်မြေ ရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013