DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့နယ်၌ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများတိမ်းရှောင်နေရ
DVB
·
April 19, 2023
မင်းတပ်မြို့နယ်၌ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများတိမ်းရှောင်နေရ
1 / 3
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဧပြီ ၁၈ ရက်ညပိုင်း  တိုက်ပွဲမဖြစ်ဘဲ ပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဥ်နဲ့ ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF - Mindat ကနေ သိရပါတယ်။

မနေ့ည ၉ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာတစီးက ပျံသန်းလာခဲ့ပြီး  မင်းတပ်မြို့နယ် တိုက်နယ် ၂ ဘက်က ကျေးရွာတွေကို ဗုံး ကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

CDF-Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန တာဝန်ရှိသူတဦးက “ မင်းတပ်မြို့ တိုက်နယ် ၂ ဘက်ကို ကြဲတာပါ။ အဲဒီနားမှာက ကာကွယ်ရေးတပ်ဖွဲ့တွေ မရှိဘူး၊ တိုက်ပွဲလည်း မဖြစ်ပွားဘူး။ ပြည်သူတွေပဲ နေတာ။ အဲဒါကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။”

စစ်ကောင်စီရဲ့ လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာနေလူထု ပျက်စီးဆုံးရှုံးမှု များနိုင်ပေမဲ့ ပျက်စီးရှုံးဆုံးမှုတွေတော့ အတည်ပြုလို့မရသေးဘူးလို့ဆိုပါတယ်။

CDF-Mindat က တာဝန်ရှိသူတဦးက “၂၀၂၂ ဇူလိုင် ၇ ရက်နေ့ ကနေစပြီး မင်းတပ်မြို့ထဲကို ဆက်တိုက်ဆိုသလို ကြဲနေတာ ဒီနေ့အထိပါပဲ။ နောက်ပြီး သူတို့တွေက ကာကွယ်ရေးတပ်စခန်း တည်နေရာတွေ မဟုတ်တဲ့ ပြည်သူတွေနေတဲ့ နေရာကိုပဲ ရွေးပြီး ကြဲနေတာပါ။ ပြည်သူတွေလည်း အထိတ်တလန့်နဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ဒီတခေါက် ပျက်စီးဆုံးရှုံးမှုက များနိုင်တယ်ဗျ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့အပြားကို လေကြောင်းကနေ အကြမ်းဖက် ထိုးစစ်ဆင်နေပြီး ကန့်ဘလူ၊ ပဇီကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆ လအရွယ် ကလေးငယ်ကနေ အသက် ၆၇ နှစ်အရွယ် သက်ကြီးရွယ်အို၊ ကိုယ်ဝန်သည်တွေ အပါအဝင် လူဦးရေ ၁၇၀ လောက် သေဆုံးခဲ့ပါတယ်။

ဧပြီ ၁၈ နေ့မှာပဲ မြိုင်နယ် မန်ကျည်းကန်ရွာကို စစ်သုံး Mi35၊ Mi17 အမျိုးအစားလေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ကာ သက်ကြီးရွယ်အိုတွေနဲ့ ဒေသခံတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013