Home
မြန်မာသတင်း
သထုံအမြောက်တပ်မှ ဗိုလ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး‌ သေဆုံး
DVB
·
April 19, 2023
341687633_1102070164048040_6396993439660573202_n

မွန်ပြည်နယ်၊ သထုံမြို့ အမြောက်တပ်ရင်းက ဗိုလ်ကြီးတယောက်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရပြီး ထွက်ပြေးရာက သေနတ်ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့  ဒေသခံတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

ဧပြီ ၁၂ ရက် ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဘီးလင်းမြို့အနီးမှာ ခရီးသည်တင်ယာဉ်တွေကို စစ်ဆေးနေစဉ် အဆိုပါဗိုလ်ကြီးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အိမ်သာသွားမယ်ဆိုပြီး ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

သေဆုံးသူဟာ သထုံမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် ၂၀၂ အမြောက်တပ်ရင်းမှ ဗိုလ်မှူး/ဗိုလ်ကြီးအေးမင်းဦး (ကြည်း- ၄၇၈၆၇) ဖြစ်ပြီး နေပြည်တော်မှာ တာဝန်နဲ့ သင်တန်းတက်ရောက်ပြီး မိခင်တပ်ရင်းကိုအပြန် ဘီးလင်းမြို့အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်တွင်းက စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်တွေဟာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များပြားနေတဲ့အပြင် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံတွေပါ ထိခိုက်ပျက်စီးမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု ၂၀ နီးပါးလောက်ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024