Home
မြန်မာသတင်း
ပဇီကြီးရွာအနီး စစ်ကောင်စီတပ် စစ်ကြောင်း ရောက်နေသဖြင့် ဒေသခံများ ထွက်ပြေးနေရ
DVB
·
April 19, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီ ၁၉ ရက် မနက်က မလည်ကနေ စစ်သားအင်အား ၁၀၀ ကျော် စစ်ကြောင်းထိုးဖို့ ဒရုန်းနဲ့ ဝဲကြည့်နေတာကြောင့် လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ရွာသားတွေဟာ တောတောင်ကြားမှာတောင် မနေရဲတော့ဘဲ ဆက်လက်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကာင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ဧပြီ ၁၈ ရက် ညပိုင်းက သပိတ်ကျင်း လေ့ကျင့်ရေး ၁၃ တပ်ကနေ တွဲကား ၃ စီး၊ ကားသေး ၄ စီးနဲ့ စပါယ်နဂိုမြစ်ဆိပ် ရောက်ရှိကာ မော်တော်တွေနဲ့ မြစ်ဆိပ်ကပ်ထားပြီး မလည်ဘက်ကို ညကူးခဲ့တာဖြစ်တယ်လို့ မလည်ဒေသခံတဦးက ပြောပါတယ်။

ပဇီကြီးရွာမှာ ဧပြီ ၁၁ ရက်က စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇၀ လောက် သေဆုံးခဲ့ရပြီး ကျန်ရှိပြည်သူတွေဟာ နီးစပ်ရာ တောတောင်ထဲ အကွဲကွဲအပြားပြား ပြေးနေရစဥ် မြေပြင်စစ်ကြောင်း နီးကပ်နေတာကြောင့် ဆက်လက်ထွက်ပြေးနေကြရတယ်လို့  ကူညီပေးရေးအဖွဲ့ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024